သင်အမြဲပြုလုပ်လေ့ရှိတဲ့ ဖုန်းပျက်စီးပြီး စွမ်းဆောင်ရည်ကျဆင်းစေတဲ့ အချက် ၉ ချက်

ဒီနေ့ခေတ်မှာတော့ လူအများစုဟာ Smartphone တွေကို အမြဲတမ်း ကိုယ်နဲ့မကွာဆောင်ထားလေ့ရှိကြပါတယ်။ ဒီလိုမျိုးအမြဲတမ်းအသုံးပြုနေတဲ့အတွက်လည်း Phone တွေကို ဂရုတစိုက်နဲ့ထိမ်းသိမ်းသင့်ပါတယ်။ လူအများစုကတော့ ကိုယ်တိုင်တောင်သတိမထားမိဘဲ ကိုယ့် Phone ကို ဖျက်စီးမိနေကြပါတယ်။ အားလုံးပဲသတိပြုရှောင်ရှားနိုင်ဖို့အတွက် Phone ကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အချက် ၉ ချက် ကို ဖော်ပြလိုက်ပါတယ်။

1.Storage Space ကို အပြည့်နီးပါးသုံးခြင်း
 Phone တစ်လုံးရဲ့ Storage မှာပြွတ်သိပ်ပြည့်ကျပ်နေတဲ့အခါ Phone ရဲ့ စွမ်းဆောင်ချက်တွေဟာ သိသိသာသာထိုးကျသွားပါတယ်။ ကိုယိမလိုတဲ့ Appတွေ၊ File တွေကို ဖျက်ပစ်လိုက်ပါ။ ဒါမှမဟုတ် Cloud ကနေ တခြား Device ကိုပို့ပစ်လိုက်ပါ။

2.Screen Protector မသုံးခြင်း
Screen Protector ဆိုတာကတော့ ဘယ် Phone အမျိုးအစားပဲကိုင်ကိုင် အသုံးပြုသင့်တဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ Protector သုံးလိုက်လို့ လွတ်ကျ၊ ပြုတ်ကျတဲ့အခါမှာ Phone ကို 100% ကာကွယ်ပေးနိုင်မှာမဟုတ်ပေမယ့် အနည်းဆုံးတော့ ဘာမှမသုံးထားတာထက်စာရင်ပိုကောင်းတာပေါ့။

3.အားသွင်းကြိုးကိုဆောင့်ထိုးခြင်း
ဒါကတော့လုံးဝမလုပ်သင့်တဲ့အရာတစ်ခုပါ။ အထဲက အပေါက်လေးဟာ Battery နဲ့ဆက်စပ်နေတဲ့အတွက် အခန့်မသင့်ရင် Battery ပိုင်းပါထိသွားနိုင်ပါတယ်။ အားသွင်းကြိုးကို ဖြည်းဖြည်းနဲ့ ပုံမှန်လေးထိုးတာအကောင်းဆုံးပါပဲ။

4.Battery ကို အကုန်သုံးခြင်း
တကယ်ကိုမလုပ်သင့်တဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။ Phone Battery ဆိုတာဟာ အမြဲတမ်း 40% နဲ့ 80% ကြားမှာထားရင် အကောင်းဆုံးပါပဲ။ 20% ရောက်ရင်တောင် အားသွင်းဖို့ Phone ကတောင်းဆိုလာတဲ့အတွက် အကုန်သုံးတယ်ဆိုတာဟာ လုံးဝမဖြစ်သင့်ပါဘူး။ Battery ဆိုတာဟာ သူ့ဘာသူ ထပြီး အလိုလိုပျက်သွားတာမဟုတ်ပါဘူး။ လူကမပျက်ပျက်အောင် တွန်းပို့ပေးနေတာပါ။

5.Phone ကို အိတ်ကပ်ထဲထည့်ထားခြင်း
Phone ကို အင်္ကျီအရှေ့အိတ်ထဲမှာ အမြဲထည့်ထားတတ်တဲ့သူတွေသိထားသင့်ပါတယ်။ Phone ရဲ့ Battery ဟာ အပူချိန် 62° နဲ့ 72° Fahrenheit ကြားမှာမှ အကောင်းဆုံးအလုပ်လုပ်တာပါ။ ခန္ဓာကိုယ်က 98.6° Fahrenheit ရှိတဲ့အတွက် Phone Battery ကို ထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ပါတယ်။ နောက်တစ်ချက်က အိပ်ကပ်ဟာ များသောအားဖြင့် ဘယ်ဘက်ထောင့် (နှလုံးနား) မှာရှိတတ်ပါတယ်။ သင့်ကျန်းမာရေးအတွက်လည်း ထိခိုက်မှုတွေ အများကြီးဖြစ်ပေါ်စေနိုင်တာကြောင့် တော်တော်လေးကိုမထားသင့်တဲ့နေရာတစ်ခုဖြစ်တယ်လို့ ဆိုရပါမှာပါ။
6.Phone ကိုမိုးရွာနေတုန်းအသုံးပြုခြင်း

မိုးထဲရေထဲမှာထီးလေးလက်တစ်ဖက်ကကိုင်ပြီး လက်တစ်ဖက်က Phone သုံးတာမျိုးဟာ Phone ကို ဘိုထိုင်အိမ်သာထဲ ပစ်ချပြီး ရေဆွဲချနေတာနဲ့ အတူတူပါပဲ။ ပတ်ဝန်းကျင်တစ်ဝိုက်မှာရှိတဲ့ ရေငွေ့ရေမှုန်လေးတွေဟာ Phone ထဲကိုဝင်သွားနိုင်ပြီး Circuit Board ကို လောင်ကျွမ်းစေနိုင်ပါတယ်။ သုံးချင်ရင် ခြောက်ခြောက်သွေ့သွေ့နေရာမှာအသုံးပြုကြပါ။

7.Software Updates များမဆွဲခြင်း
Update တွေကိုလနဲ့ချီပြီးမဆွဲပဲ ပစ်ထားကြတဲ့သူတွေရှိပါတယ်။ ဒီလိုပစ်ထားတဲ့အတွက် App ဟာ Updated Version တွေလို ဝန်ဆောင်မှုအပြည့်အဝမပေးနိုင်တော့ပါဘူး။ ဒါကြောင့် Hacker တွေဟာ Security လစ်ဟင်းနေတဲ့အပေါက်တွေကနေ အလွယ်လေးဝင်ရောက်လာနိုင်ပါတယ်။

8.App တွေအများကြီးကို တစ်ပြိုင်တည်းပိတ်ပစ်ခြင်း
ဒါဟာလည်းမကောင်းတဲ့ အကြံတစ်ခုဖြစ်ပါတယ်။ App တွေအများကြီး Run နေလို့ Battery အစားသက်သာအောင်ဆိုပြီး အကုန်လုံးကို ပိတ်ချ၊ ပြီးမှ ကိုယ်သုံးနေမယ့်ဟာတွေကိုပြန်ဖွင့်တယ်ဆိုရင် Battery ပိုကုန်စေနိုင်တဲ့အတွက်ကြောင့်ပါပဲ။

9.သံသယဖြစ်ဖွယ် Link တွေကို ဝင်ကြည့်ခြင်း
Phone ထဲမှာ ရုတ်တရက်ရောက်လာတဲ့ Link တွေ၊ Pop-ups တွေကို လုံးဝမနှိပ်ကြည့်သင့်ပါဘူး။ ဒီ Link တွေကနေ Virus တွေဝင်လာပြီး Phone သက်တန်းကို ထိခိုက်စေနိုင်သလို သင့်ရဲ့ Personal Information တွေလည်း ပေါက်ကြားသွားနိုင်ပါတယ်။ လုံးဝရှောင်သင့်တဲ့ အပြုအမူပါပဲ။ အထက်မှာဖော်ပြသွားတဲ့အချက်လေးတွေကတော့ Smartphone ကို အဓိက ဒုက္ခပေးနေတဲ့ ပြဿနာလေးတွေပါပဲ။ အားလုံးပဲ ဒီအချက်လေးတွေကို သတိထားမိပြီး ကိုယ့် Phone ကိုထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။
Source – BBM
 Credit To m-TechBox



No comments

Powered by Blogger.