LED display အသုံပြုတော့မယ်ဆို ဘယ်လို Pixel အမျိုးအစားကို ရွေးချယ်မလဲ?



Pixel ကျဲတဲ့ LED display ထက် Pixel စိပ်တဲ့ LED display ကပိုကောင်းပါသလား?

ဒီအချက်တွေက LED display အသုံးပြုတော့မယ်ဆို ထည့်သွင်းစဉ်းစား ရမယ့်အချက်တွေဖြစ်ပါတယ်။အများအားဖြင့် pixel စိပ်မှ LED display ရုပ်ထွက်ပိုကောင်းတယ်လို့ လက်ခံထားကြပြီး ဒါဟာ ယေဘုယျအားဖြင့် မှန်တယ်လို ယူဆရပေမဲ့ တကယ့်လက်တွေ့မှာ မပြည့်စုံပါဘူး။ LED display အသုံးပြုမယ့်နေရာ

(indoor/outdoor)၊ LED display အရွယ်အစား၊အနီးဆုံး/အဝေးဆုံး မြင်နိုင်တဲ့ အကွာအဝေး ဒါတွေကို ထည့်သွင်းတွက်ချက်ပြီး ဘယ်လို pixel အမျိုးအစားအသုံးပြုသင့်လဲ ဆိုတာကို ရွေးချယ်နိုင်ပါတယ်။

ကျွန်တော်တို့အနေနဲ့ LED display တစ်ခုရဲ့ အနီးဆုံးမြင်နိုင်တဲ့ အကွာအဝေး(Minimum viewing distance) ၊အဝေးဆုံးမြင်နိုင်တဲ့ အကွာအဝေး(Maximum viewing distance) နဲ့ အကောင်းဆုံးမြင်နိုင်တဲ့ အကွာအဝေး (Optimal viewing distance) ဒါတွေကိုသိရှိထားဖို့ လိုအပ်ပါတယ်။


Minimum viewing distance (အနီးဆုံးမြင်နိုင်တဲ့ အကွာအဝေး) - LED display ရဲ့ pixel pitch ကို meters အဖြစ် ပြောင်းလဲတွက်ချက် ရပါတယ်။


ဥပမာ - P10 LED display တစ်ခုမှာ pixel pitch (10) ကို (10) meter အဖြစ်ပြောင်းလဲ တွက်ချက်ပါတယ်။


P10 LED display တစ်ခုရဲ့ Minimum viewing distance ကို 10 meter လို့သတ်မှတ် ပါတယ်။


Maximum viewing distance (အဝေးဆုံးမြင်နိုင်တဲ့ အကွာအဝေး) - LED display တစ်ခုရဲ့ အရွယ်အစား(sqm) ကို ကိန်းသေဂဏန်း(10) နဲ့ မြှောက်ပြီး တွက်ချက် ပါတယ်။


ဥပမာ - 4mx3m ရှိတဲ့ LED display ရဲ့ အရွယ်အစား (12) sqm ကို (10) နဲ့မြှောက်လို့ရတဲ့ (120)meter ဖြစ်ပါတယ်။


4mx3m ရှိတဲ့ P10 LED display တစ်ခုရဲ့ Maximum viewing distance ကို (120) meter လို့သတ်မှတ်ပါတယ်။


Optimal viewing distance (အကောင်းဆုံးမြင်နိုင်တဲ့ အကွာအဝေး) - LED display တစ်ခုရဲ့ pixel pitch ကို ကိန်သေဂဏန်း (2.5) နဲ့ မြှောက်ပြီး တွက်ချက် ပါတယ်။


ဥပမာ - P10 LED display တစ်ခုရဲ့ pixel pitch (10) ကို (2.5) နဲ့မြှောက်လို့ ရတဲ့ (25) meter ဖြစ်ပါတယ်။


P10 LED display တစ်ခုရဲ့ Optimal viewing distance ကို (25) meter လို့ သတ်မှတ်ပါတယ်။


ကျွန်တော်တို့ အနေနဲ့ pixel စိပ်မှကောင်းတယ်၊pixel ကျဲမှကောင်းတယ် ဆိုတာထက် အခုလိုမျိုး စနစ်တကျ တွက်ချက်


ပြီး ရွေးချယ်မယ်ဆို အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်လို့ အကြံပြု တင်ပြလိုက်ပါတယ် ခင်ဗျာ။

credit Original Uploader

No comments

Powered by Blogger.