ကွန်ပျူတာသုံးရတာ ပိုပြီးလွယ်ကူသွားစေမယ့် windows ကီး Shortcut များ
=============
ကွန်ပျူတာကီးဘုတ်ပေါ်က windows ကီးကို
Windows ပေါ်လာဖို့ပဲ သုံးနေတုန်းလား?
တကယ်တော့ Ctrl + Shortcut တွေလိုပါပဲ….
Windows ကိုလည်း ကီးဘုတ်ပေါ်က
တခြားစာလုံးတွေနဲ့ တွဲဖက်လို့ Shortcut အဖြစ် အသုံးပြုနိုင်ပါတယ်။
ဘယ်လိုတွေအသုံးပြုလို့ရလဲ ကြည့်ကြည့်ရအောင်…
Windows ကီးကိုဖော်ပြရာမှာ Win လို့ပဲ ရေးသားသွားပါ့မယ်နော်..။
Win - ဒါတော့သိပါတယ်။ ကွန်ပျူတာ Start Menu ဖွင့်တာ ပိတ်တာပါ။
Win+ F1 - Windows Help and Support ဖွင့်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ သိပ်မသုံးဖြစ်ကြလောက်ဘူး ထင်ပါရဲ့နော်..
Win + C - Charms ဖွင့်တာပါ။ Charms ဆိုတာကတော့ ကွန်ပျူတာ စခရင်ရဲ့ ညာဘက်ဘေးမှာ Search, Share, Start, Devices နဲ့ Settings ခလုတ်၅ ခုပါတဲ့ ဘားနဲ့ ကွန်ပျူတာ စခရင် ဘယ်အောက်ထောင့်မှာ အချိန်၊ နေ့စွဲ၊ ရက်၊ ဘက်ထရီနဲ့ အင်တာနက် စတာတွေ ပါတဲ့ အကွက်လေးတွေကို ခေါ်တာပါ။
Win + D - ဒါတော့ Display ကို Hide လုပ်တာပါ။ ဆိုလိုတာက ကိုယ်က တစ်ခုခုကို ဖတ်နေမယ်။ သူငယ်ချင်း တစ်ယောက်ယောက်က ဝင်လာလို့ သူတို့ကို မမြင်စေချင်ဘူးဆိုရင် Win+D သာ နှိပ်လိုက်!! ကွန်ပျူတာ Desktop ပဲ ပေါ်နေတော့မှာပါ။ ကိုယ်ဖွင့်ထားတာတွေ အားလုံး ခဏပျောက်သွားပါလိမ့်မယ်။ ပြန်ပေါ်ချင်ရင်လည်း Win + D သာ နှိပ်လိုက်ရုံပါပဲ။
Win + E - File Explorer ဖွင့်တာပါ။
Win + F - Search Charm ဖွင့်ပြီး ဖိုင်ရှာတာပါ။
Win + H - Share Charm ဖွင့်တာပါ။
Win + I - Setting Charm ဖွင့်တာပါ။
Win + K - Devices Charm ဖွင့်တာပါ။
Win + L - ကွန်ပျူတာကို Lock ချတာ၊ ဒါမှမဟုတ် User ပြောင်းတာတွေကို ဒီshort cut နဲ့ သုံးလို့ ရပါတယ်။
Win + M - Minimize လုပ်တာပါ။ Minimize လုပ်တာမှ ဖွင့်ထားသမျှ Window အားလုံးကို Minimize လုပ်သွားတာပါ။
Win + P - Presentation Display Mode ရွေးချယ်လို့ရပါတယ်။ Project Charm ပွင့်လာပြီး ရွေးရမှာပေါ့နော်..
Win + Q - Search ပါ။ ကွန်ပျူတာထဲက ဘယ်ဖိုင်ထဲမှာမဆို သူက ရှာပေးနိုင်ပါတယ်။
Win + R - ဒါကတော့ တော်တော်များများ သိထားပြီးသား ဖြစ်ပါလိမ့်မယ်။ Run dialog box ပါ။ ကွန်ပျူတာ အရမ်းလေးနေတာဖြစ်ဖြစ်၊ ဟန်းနေတာမျိုး ဖြစ်ဖြစ် ဒါလေးနှိပ်ပြီး အထဲက Cache တွေ ရှင်းလို့ ရပါတယ်။ အတော်ကို အသုံးဝင်တာလေးပေါ့နော်..
Win + T - Task Bar ပေါ်မှာ ရှိတဲ့ App တွေကို ရွေးချယ်နိုင်ပါတယ်။
Win + U - Ease of Access Center ကို ဖွင့်ပေးတာပါ။ ဒါတော့ သုံးခဲမယ် ထင်ပါတယ်နော်..
Win + X - Quick Link Menu ကို ဖွင့်ပေးပါတယ်။
ဒါဆိုရင်တော့ Windows Logo ကီးလေးကို တော်တော်သုံးတတ်လောက်ပြီ ထင်ပါရဲ့.. တခြား Tab နဲ့ တွဲတာတွေ၊ enter နဲ့ တွဲတာတွေရှိနေသေးပေမဲ့ အများကြီးဆိုမှတ်ရခက်နေမှာစိုးလို့ ဒီလောက်ပဲဖော်ပြပေးလိုက်ပါတယ်။ နောက်များကျမှ ပြန်ဆုံကြပါဦးစို့…။
အဆင်ပြေပါစေဗျာ......
Credit To Win Computer Center
Leave a Comment