အဖြစ်များတဲ့ Win32.Floxif.H Virus အကြောင်း။
Win32.Floxif.A ကို 2009 ခုနှစ်မှာ စတင် ရင်းနှီးခဲ့ပြီး Virus ရဲ့ လုပ်ဆောင်ချက်က စက်ကို တစ်နေ့တစ်နေ့ ပိုမို နှေးကွေးလာပြီး နောက်ဆုံးမှာ Software တင်မရ၊ ဖွင့်မရတဲ့ Error တွေ တက်စေပါတယ်။
AntiVirus ထည့်သွင်းထားတဲ့ စက်တွေမှာ Virus ကို Allow ပေးမိခြင်းက တစ်ခြား Software တွေကို တစ်ခေါက်တော့ အသုံးပြုခွင့်ပေးပြီး နောက်တစ်ခါ ပြန်ဖွင့်တဲ့အခါ 0xc0000005 ဆိုပြီး Error တက်လာပါလိမ့်မယ်။
0xc0000005 ဆိုပြီး Error ပြတာက AntiVirus က တားထားလို့ပါ။ Software ကို အရေးတကြီး သုံးဖို့ လိုအပ်တဲ့ အခါ AntiVirus မှာ Exclude သုံးပြီး သုံးနိုင်ပါတယ်။
Exclude သုံးထားခြင်းက Virus ကို Allow ပေးထားလို့ ဘယ် Software ကို မဆို Win32.Floxif.A ကိုက်ဦးမှာပါ။
Exclude နဲ့ အရေးကြီးလို့ ခဏတစ်ဖြုတ် သုံးတာက အဆင်ပြေပေမဲ့ ရေရှည်မကောင်းပါဘူး။ ကြာလာတဲ့အခါ Virus တွေက ပိုမို ပြန့်နှံလာပြီး ဘယ် Software မှ ဖွင့်ရတော့မှာ မဟုတ်ပါ။
Win32.Floxif.A က ကိုက်တဲ့ File တွေက Ransomware လို Data တွေကို ထိခိုက်ခြင်း မရှိပေမဲ့ ကွန်ပြုတာမှာ အရေးကြီး File ဖြစ်တဲ့ EXE နဲ့ DLL တွေကို ကိုက်ပါတယ်။
နောက်ပိုင်းမှာ Win32.Floxif.A ကနေ
Update တွေ ထွက်ရင်း
Win32.Floxif.B
Win32.Floxif.C
Win32.Floxif.D
Win32.Floxif.E
Win32.Floxif.F
Win32.Folxif.G
Win32.Floxif.H အဆင့်ထိ ရောက်ရှိလာပါတယ်။
လက်ရှိအချိန်မှာ Win32.Floxif.H က နောက်ဆုံးထွက်ရှိထားတဲ့ Win32.Floxif အမျိုးစား ဖြစ်ပါတယ်။
Win32.Floxif တွေ့ရင် Remove လုပ်ပြီး Virus ကင်းတဲ့ ကွန်ပြုတာအဖြစ် အသုံးပြုလိုက်ပါ။
#TunTunLaptop
Leave a Comment