#Firmware တင်ခြင်းအကြောင်း တစ်စိတ်တစ်ပိုင်း (Mediatek)
အရင် Post မှာ Mediatek နဲ့ ပတ်သက်ပြီး Firmware တင်တဲ့အကြောင်း အနည်းငယ် ဖော်ပြခဲ့ပြီးပါပြီ... အခုကတော့ အသေးစိတ် ဖော်ပြပေးပါ့မယ်...
OPPO A37M ကို နမူနာထားပြီး ပြပေးပါ့မယ်... ဒီတစ်ခါ SP FLash Tools နဲ့ တင်တဲ့နည်းကို ပြပေးပါ့မယ်... SP Flash Tools တွေကိုတော့ လိုင်းပေါ်မှာ ရှာလို့ရပါတယ်... V3 နဲ့ V5 ဆိုပြီး နှစ်မျိုးရှိပါတယ်... V3 ကတော့ Flash Tool အပြာဆိုပြီး အလွယ်ခေါ်ကြပါတယ်... V5 ကတော့ Flash Tool အစိမ်းပေါ့... ပုံ(၁)ကိုကြည့်ပါ... SP Flash Tools V3 နဲ့ V5 ကို တွဲရက် ဖော်ပြပေးထားပါတယ်.. တစ်ချို့သော firmware file တွေမှာ V3 နဲ့ ရိုက်မှ အဆင်ပြေတာရှိသလို... တစ်ချို့ Firmware တွေကျတော့ V5 နဲ့မှ ရိုက်လို့ ရတာ ရှိပါတယ်... ဥပမာ.. Huawei G610-U00, Huawei Y325-T00 စတဲ့ မော်ဒယ်အနိမ့်တွေမှာ V3 (အပြာ) နဲ့တင်မှအဆင်ပြေပါတယ်... နောက်ပိုင်း ထွက်ရှိလာတဲ့ Model အမြင့်တွေမှာတော့ V5 (အစိမ်း)နဲ့မှပဲ တင်လို့ရပါတယ်...
ပုံ(၂)ထဲကအတိုင်း Huawei G730-U00 firmware file ကို တစ်ချက်သွားကြည့်မယ်ဆိုရင်
MT6582_Android_scatter.txt
preloader.bin
EBR1
EBR2
MBR
boot.img
recovery.img
lk.bin
logo.bin
secro.img
system.img
userdata.img
စတဲ့ ဖိုင်လေးတွေကို မြင်ရမှာပါ... ဒီနေရာမှာ Firmware file အကြောင်း နည်းနည်းလေး ဖော်ပြပေးချင်ပါတယ်... အဲလိုသိထားမှ firmware တင်ပြီးနောက်ပိုင်း Dead တာတို့... LCD Error ဖြစ်တာတို့ကို နားလည်သွားမှာပါ...
MT6582_Android_scatter.txt
ဖုန်းတစ်လုံးရဲ့ partition လေးတွေကို နေရာချထားပေးထားတဲ့ တစ်နည်းအားဖြင့် လိပ်စာဖိုင်လေးပါ... ဒီကောင်လေးကို ဖွင့်ကြည့်လိုက်မယ်ဆိုရင်...
- partition_index: SYS0
partition_name: PRELOADER
file_name: preloader.bin
is_download: true
type: SV5_BL_BIN
linear_start_addr: 0x0
physical_start_addr: 0x0
partition_size: 0x1400000
region: EMMC_BOOT_1
storage: HW_STORAGE_EMMC
boundary_check: true
is_reserved: false
operation_type: BOOTLOADERS
reserve: 0x00
- partition_index: SYS1
partition_name: MBR
file_name: MBR
is_download: true
type: NORMAL_ROM
linear_start_addr: 0x1400000
physical_start_addr: 0x0
partition_size: 0x80000
region: EMMC_USER
storage: HW_STORAGE_EMMC
boundary_check: true
is_reserved: false
operation_type: UPDATE
reserve: 0x00
ဒါမျိုးလေး တွေ့ရမှာပါ... ဒီနေရာမှာ သေချာကြည့်မယ်ဆိုရင် SP Flash Tools မှာ ကိုယ်မပေါ်စေချင်တဲ့... ကိုယ်မတင်ချင်တဲ့ partition ကို ဖြုတ်ချထားခဲ့လို့ရပါတယ်... is_download: ဆိုတဲ့နေရာမှာ true ဆိုရင် ဒီအပိုင်းကို တင်သွားမှာပါ... false ဆိုရင် ဒီအပိုင်းကို မဖော်ပြပေးဘူး... တစ်နည်းအားဖြင့် မတင်ပေးပါဘူး... သူ့ထဲမှာပါတဲ့ ဖိုင်လေးတွေကိုပဲ တင်ပေးပါတယ်... အဲဒီ ဖိုင်လေးကိုလည်း ကိုယ်တင်ချင်တဲ့အပိုင်းပဲ ရွေးပြီးတင်လို့ရအောင် ပြင်ဆင်လို့ရပါတယ်...
Preloader.bin
ဒီကောင်လေးကတော့ အရေးကြီးဆုံးနဲ့ ပထမဆုံးစတွေ့ရတဲ့ partition ပါ... သူ့ထဲမှာ EMMC ရဲ့ CID (Card Identification) နံပါတ်လေးတွေ ပါပါတယ်... အဲဒီ CID မကိုက်တဲ့အခါမှာ SP Flash Tools နဲ့ firmware တင်တဲ့အချိန် Enable DRAM Failed (4032) ဆိုတဲ့ error ပြတတ်ပါတယ်... 4032 error သည် EMMC ပျက်နေတဲ့အချိန်မှာလည်း ပြတတ်ပါတယ်... CID မကိုက်ရင်လည်း ပြတတ်ပါတယ်... တကယ်လို့ ဖုန်းက ပါဝါလာသေးတယ်... First Logo တက်သေးတယ်... SP Flash Tools နဲ့ firmware တင်တော့ 4032 error ပြခဲ့တယ်ဆိုရင် preloader နေရာမှာ အမှန်ခြစ်ဖြုတ်ပြီး ပြန်တင်ကြည့်သင့်ပါတယ်...
MBR1
MBR2
EBR
ဒီအပိုင်းကတော့ ROM လို့ ခေါ်တဲ့ Memory အပိုင်းပါ... apk တွေ install တင်တဲ့အပိုင်းကို ထိန်းပေးပါတယ်.. အန္တာရာယ်ဖြစ်စေတဲ့အပိုင်းတော့ မဟုတ်ပါဘူး...
boot.img
ဒီအပိုင်းမှာတော့ ဖုန်းတစ်လုံးရဲ့ kernelတို့... ramdisk အပိုင်းတို့ ပါဝင်ပါတယ်... ဒီ boot.img ကို backup ဆွဲထုတ်ပြီး လိုအပ်သလို ပြန်ပြင်ဆင်ပြီး Firmware မတက်ခင်မှာ Partition တွေကို Mount လုပ်တာတို့... Insecure boot လုပ်ပြီး Root ဖောက်တာတို့ လုပ်လို့ရပါတယ်... ဒီအပိုင်းမှာ boot ဖိုင် မကိုက်တဲ့အခါမျိုးမှာ ဖုန်းက သုံးနေတုန်းကအကောင်း... Screen off လိုက်တာ... Screen Timeout ပြည့်လို့ပိတ်သွားတာ... ပြန်ဖွင့်ကြည့်ရင် LCD ကြီးဖြူနေတာကို တွေ့ရတက်ပါတယ်...
recovery.img
ဖုန်းတစ်လုံးရဲ့ Setting တွေ... Userdata တွေ... လော့ခတ်ထားတာတွေ... စတာတွေကို Factory Reset ချနိုင်တဲ့ အပိုင်းလေးပါ... META-INF ပါတဲ့ Firmware file တွေကိုလည်း ဒီ recovery mode ကနေပဲ firmware တင်တာတို့ လုပ်နိုင်ပါတယ်... ဒီအပိုင်းကို backup ဆွဲထုတ်ပြီး TWRP(Team Win Recovery Project), CWM(ClockWorkMod) လုပ်ပြီး root ဖောက်တာ... Custom Rom သွင်းတာတို့ လုပ်လို့ရပါတယ်...
uboot.bin (or) lk.bin
uboot ဆိုတာ Universal Bootloader ပါ... တစ်နည်းအားဖြင့် kernel အသေးစားလေးပါ... little kernel (lk) လို့လည်း ခေါ်ပါတယ်... ဒီအပိုင်းမှားခဲ့ရင် LCD အစင်းထတာ... အဖြူရောင်ကြီးပေါ်နေတာဖြစ်တတ်ပါတယ်... အကောင်းဆုံးကတော့ ဒီအပိုင်းကို ဖြုတ်ပြီး တင်မယ်ဆိုရင် Display LCD Error ဖြစ်တာကို ရှောင်ရှားနိုင်မှာပါ...
Secro.img
ဒီအပိုင်းကတော့ MTK အမြင့်တွေမှာ Bootloader Code တွေကို ထိန်းချုပ်ပါတယ်... ဒီအပိုင်းမကိုက်ခဲ့ရင် Baseband unknown ဖြစ်တတ်ပါတယ်...
Cache.img
cache ကတော့ partition အလွတ်ကြီးပါ... သီးသန့် Data ထဲမှာရှိတဲ့ application တွေရဲ့ Memory cache size တွေကို ထိန်းတဲ့အပိုင်းပါ...
logo.bin
ဒီကောင်လေးကတော့ ဖုန်းပါဝါစဖွင့်ဖွင့်ခြင်းပေါ်တဲ့ LOGO ပုံအပိုင်းပါ
သူကိုလဲပေါ်တဲ့ပုံနေရာမှာ ကြိုက်သလိုပြင်ဆင်လို့ရပါတယ်
system.img
ဒီအပိုင်းကတော့ system ပိုင်းပါ... firmware တက်ခြင်း မတက်ခြင်းဆိုတာ ဒီအပိုင်းမှာပါဝင်ပါတယ်... တချို့ CPU name တူတာတို့ UTC date တူတာတို့ဆို system Partiton တစ်ခုထဲကို ပြောင်းသုံးနိုင်တာ တွေ့ရပါတယ် ဥပမာ xbo ကို newings တင်တာတို့ပေါ့... ဒီအပိုင်းထဲမှာ ပါဝင်တဲ့ system ဖိုင်တွေတခုခုချို့ယွင်းနေမယ် ဆို firmware မတက်နိုင်ပါဘူး... ဥပမာ... launcher ပျက်နေတာတို့... Virus ကိုက်တာတို့... Font မှားသွင်းတာတို့
userdata.img
user ရဲ့ data တွေကို ထိန်းချုပ်ပါတယ်... SMS, Contact, application(apk) စတာတွေပေါ့... ပြီးတော့ ဖုန်းရဲ့ Setting ပိုင်း... Lock ခတ်ထားတဲ့အပိုင်းတွေလည်း ပါဝင်ပါတယ်... ဒီအပိုင်းကိုပါ ထည့်ပြီး firmware တင်မယ်ဆိုရင် Factory Reset ချလိုက်သလို ဖုန်းက အသစ်အတိုင်းဖြစ်သွားပါမယ်... Userlock ဖြုတ်ဖို့အတွက်လည်း သီးသန့်တင်လည်း ရပါတယ်...
Sp Flash Tools မှာ Scatter ဖိုင်ကို ထည့်တဲ့အခါ မဖော်ပြပေးတဲ့ တစ်နည်းအားဖြင့် မရိုက်ပေးတဲ့ partition တွေထဲမှာ nvram ဆိုတဲ့ အပိုင်းလေးကို အနည်းငယ် ရှင်းပြပေးချင်ပါတယ်...
nvram.bin
ဒီအပိုင်းကတော့ Flash Tools မှာ မဖော်ပြပေးပါဘူး... ဒီအပိုင်းမကိုက်တဲ့အခါမှာ imei null or invalid ဖြစ်တတ်ပါတယ်... Sim လိုင်း မတက်တာတို့ ဖြစ်တတ်ပါတယ်... ဖုန်းတစ်လုံးကို Backup ယူတဲ့အချိန်မှာ ဒီအပိုင်းလေးကို Backup ယူထားဖို့လိုပါတယ်...
ဒါဆိုရင်တော့ ဖုန်းတစ်လုံးကို firmware တင်တဲ့အခါမှာ ဘယ်အပိုင်းတွေကို ချန်ထားသင့်သလဲဆိုတာ နားလည်လောက်ပြီ ထင်ပါတယ်... ကျွန်တော်တင်တဲ့ပုံစံကတော့ System.img, cache.img, userdata.img ဒီသုံးခုပဲ အမှန်ခြစ်ပြီး တင်ပါတယ်... ကျန်တာကို နောက်လာမယ့် post တွေမှာ ထပ်မံဖော်ပြပါမယ်... အားလုံးပဲ အဆင်ပြေကြပါစေ...
Credit: ဆရာရဲသူရလင်း(BTA) STS Mobile, မော်ကျွန်း
Leave a Comment