Global လား ? China လား ? Xiaomi ဖုန်းတွေရဲ့ Global, China အရှုပ်တော်ပုံ

 

သင့်အနေနဲ့ Xiaomi ကထုတ်တဲ့ဖုန်းတွေကို ရွေးချယ်မယ်ဆိုရင် သေချာပေါက် အမေးခံရတဲ့မေးခွန်းတစ်ခု ရှိပါလိမ့်မယ်။ အဲ့ဒါကတော့ “Global အလုံးလား China အလုံးလား” ဆိုတဲ့ မေးခွန်းပါ။ Global ဆိုတာဘာလဲ ? China ဆိုတာဘာလဲ ? ဆိုတဲ့မေးခွန်းတွေအပြင် သူတို့ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေက ဘာတွေလဲ ? China အလုံးကိုဝယ်ပြီး Global ပြောင်းလို့ရလား ? ပြောင်းတဲ့အခါမှာ ဘယ်လိုတွေ error တွေတက်တတ်လဲ ဆိုတဲ့ မေးခွန်းတွေကိုပါ ဖြေပေးသွားပါမယ်။ ကဲ ဒါဆိုရင် စလိုက်ရအောင် !

China အလုံး ဆိုတာဘာလဲ ?

China ဆိုတာကို တနည်းအားဖြင့် Stable လို့လဲခေါ်သလို PI လို့လဲ ခေါ်ပါတယ်။ Stable ဆိုတဲ့ အခေါ်အဝေါ်ကတော့ နည်းနည်းလေးလွဲနေပါတယ်။ ဘယ်ကနေ ဘယ်လိုစပြီး ပေါ်ပေါက်လာသလဲဆိုတာတော့ မသိပါဘူး။ ကျွန်တော့် အထင်တော့ Global ဆိုတဲ့ စာလုံးရဲ့ Opposite ဖြစ်တဲ့ စာလုံးကိုရှာရင် Stable ဆိုပြီးတွေ့သွားကြတာဖြစ်ပါလိမ့်မယ်။ တကယ့်တော့ Stable ဆိုတာ တည်ငြိမ်တယ် ပြောင်းအလဲမလွယ်ဘူးဆိုတဲ့ သဘောပါ။ ဘယ်နေရာမှာသုံးလေ့လဲဆိုတော့ Stable Version တို့ Stable Release တို့လိုမျိုးနေရာတွေမှာ သုံးကြပါတယ်။ Stable အလုံးဆိုပြီးတော့ မသုံးကြပါဘူး။

နောက်ထပ် PI အလုံးဆိုတာကတော့ Parallel Import လို့ခေါ်ပါတယ်။ China အလုံးတွေဆိုတာ တရုတ်ပြည်တွင်းမှာပဲ ရောင်းဖို့ထုတ်ထားတဲ့အလုံးတွေပါ။ အဲ့အလုံးတွေကို တရုတ်ဘက်ကဝယ်ပြီး ဒီဘက်ကို ပြန်သွင်းတယ်ဆိုရင် အဲ့ဒါကို PI(Parallel Import) လို့ခေါ်ပါတယ်။ ဆိုတော့ “China အလုံး = PI အလုံး” ပါပဲ။

ပြန်ချုပ်ရရင် အပေါ်ကပြောထားတဲ့အတိုင်း China အလုံးဆိုတာ တရုတ်ပြည်ထဲမှာပဲ‌ ရောင်းဖို့ထုတ်ထားတဲ့ ဖုန်းတွေပါပဲ။ အဲ့ဒီတော့ China အလုံးတွေရဲ့ အားသာချက်, အားနည်းချက်တွေက ဘာတွေလဲ ? အောက်မှာဆက်ပြီးကြည့်လိုက်ရအောင် !

China အလုံးရဲ့ အားသာချက် အားနည်းချက်တွေ ?

China အလုံးတွေက တရုတ်ပြည်အတွက်ပဲ ထုတ်ထားတယ်ဆိုတဲ့အတိုင်း Google Mobile Services တွေထည့်မထားပါဘူး။ အလွယ်ပြောရရင် Google မပါဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ တရုတ်မှာ Google မသုံးလို့ပါ။ သူတို့ရဲ့ ကိုယ်ပိုင် Search Engine ဖြစ်တဲ့ Baidu တို့ Social Network ဆိုရင်လည်း Facebook အစား Weibo တို့ စသဖြင့်သုံးကြပါတယ်။ ဒါ့ကြောင့်လည်း Google Services တွေကို တခါတည်း Pre-Installed ထည့်မပေးထားပါဘူး။ ဒါကြောင့် China အလုံးဆိုရင် Google မပါဘူးလို့ပြောကြတာပါ။ နောက်ထပ်တစ်ခုက Parallel Import ဆိုတဲ့အတွက်ကြောင့် Official Warranty ပါလာမှာမဟုတ်ပါဘူး။ ဒီနေရာမှာ ဆိုင်က Service Warranty ပေးမပေးဆိုတဲ့ ဆိုင်ရဲ့ ဝန်ဆောင်မှုက တော်တော်အရေးပါပါတယ်။ China အလုံးတွေဝယ်မယ်ဆိုရင်တော့ After Sale Service ကောင်းတဲ့ဆိုင်တွေကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။


သူ့ရဲ့ အားသာချက်တွေကို ဆက်ပြီးပြောရမယ်ဆိုရင် သူက တရုတ်ပြည်ဘက်မှာ ဈေးပေါပေါနဲ့ဝယ်ပြီး ဒီကိုရောက်လာတဲ့အတွက် ဒီမှာလည်း ဈေးချိုတယ်။ အနည်းဆုံးတော့ Global နဲ့ China မှာ သုံးလေးသောင်းကနေစပြီး model အနိမ့်အမြင့်အလိုက် တစ်သိန်းကျော်အထိကွာတာတွေလည်းရှိပါတယ်။ နောက်ထပ် သူ့ရဲ့အားသာချက် အနေနဲ့ကတော့ MIUI Update တွေဆိုရင် Global အလုံးတွေထက် အရင်ရတာပါပဲ… Bugs တွေပါရင်လည်း သည်းခံရသလို အသစ်အဆန်းဆိုရင်လည်း အရင်ဆုံးသုံးရပါတယ်။ ဒါကတော့ အားသာချက်တွေပါပဲ…

Global အလုံးဆိုတာ ? သူ့ရဲ့အားသာချက် အားနည်းချက်တွေ ?


.


Global အလုံးဆိုတာကတော့ China အလုံးလိုမဟုတ်ဘဲ တစ်ကမ္ဘာလုံးကို ဖြန့်ဝေရောင်းချဖို့ထုတ်ထားတာပါ။ ဒါ့ကြောင့်လည်း Google Services တွေ Pre-installed အနေနဲ့ ဖုန်းဝယ်ကတည်းက ပါပါမယ်။ Official Warranty 1 နှစ်ပါပါမယ်။ တကယ်လို့ တစ်နှစ်အတွင်း Factory Fault နဲ့ တခုခုချွတ်ယွင်းတယ်ဆိုရင် အာမခံက အကျုံးဝင်ပါလိမ့်မယ်။ ဒီ Warranty က China တွေမှာမပါဘဲ Global တွေမှာပဲ ရနိုင်တာပါ။ အားနည်းချက်ကတော့ မရှိသလောက်ပါပဲ။ ရှားရှားပါးပါးဆိုလို့ အခုနောက်ပိုင်း Global Version ဖုန်းတွေမှာ Call Recording မရတော့တာရယ်… Update တွေဆိုရင် China အလုံးတွေထက် နောက်ကျတာရယ် ဒါတွေပဲရှိပါမယ်။


.


ဈေးသက်သာတဲ့ China အလုံးကိုဝယ်ပြီး Google တွေအဆင်ပြေပြေသုံးလို့ရအောင် တရုတ်စာတွေမပါဘဲ သုံးလို့ရအောင် Global ချိန်းလို့ရမလား ?


.


ချိန်းလို့ရပါတယ်။ China အလုံးနဲ့ Global အလုံးနဲ့က တကယ်တော့ ဘာမှမကွာပါဘူး။ သူတို့မှာသုံးထားတဲ့ ROM ( အလွယ်ပြောရရင် Software) ပဲကွာသွားတာပါ။ တခြား Build Quality တွေ၊ Specifications တွေကတော့ တူတူပါပဲ။ ဒါ့ကြောင့် Global အလုံးဖြစ်ချင်ရင် Global ROM ကိုပြောင်းတင်ဖို့ပဲလိုပါတယ်။ ဒီလိုပြောင်းတင်ဖို့အတွက် လိုက်နာစရာအချက်နည်းနည်းတော့ရှိပါတယ်။ အဲ့ဒါတွေက ROM ပြောင်းတင်ဖို့ဆိုရင် Bootloader ကို Unlock လုပ်ဖို့လိုပါတယ်။ ဒီတော့ Xiaomi ဆီကို Offcially လှမ်းပြီးခွင့်တောင်းရပါတယ်။ အဲ့ကျရင်လည်း Xiaomi ရဲ့ policy အရ ၁၆၈ နာရီ (၇ ရက်) စောင့်ပေးရပါမယ်။ အဲ့ဒီ 168 နာရီတိတိပြည့်မှ ROM ပြောင်းတင်ခွင့်ပေးပါတယ်။ ဒီတော့ Global ချိန်းမယ်ဆိုရင် ဖြစ်သွားမယ့်ပုံစံက အရင်ဆုံး Services Center ကိုအရင်ဆုံးလာရမယ်။ အဲ့မှာ Bootloader Unlock လုပ်ဖို့ request လုပ်ပေးလိုက်ပါလိမ့်မယ်။ အဲ့အခါကျရင် အိမ်ပြန်ပြီး ၁၆၈ နာရီပြည့်အောင်စောင့်ရမယ်။ ပြည့်သွားရင် Services Center ကိုနောက်တစ်ခါလာပြီး Global ROM ကိုပြောင်းတင်လို့ရပါပြီ။ (ချွင်းချက်အနေနဲ့ကတော့ အရင်ကဖုန်းတွေဆိုရင် အပေါ်ကလို 168 နာရီမစောင့်ခိုင်းတတ်ပါဘူး။ တခါတည်းပဲ Unlock လုပ်ခွင့်ပေးလိုက်ပါတယ်။)


China ကနေ Global ချိန်းတဲ့အခါမှာရော ဘယ်လိုတွေ Error လေးတွေတက်တတ်လဲဆိုတော့… များသောအားဖြင့်တော့ error မတက်တတ်ပါဘူး။ တကယ်လို့ အခန့်မသင့်ရင်လည်း စက်ပူတာ၊ Battery Percentage အကျမြန်တာ၊ SIM Network လိုင်းဆွဲအားကျတာ စတဲ့ Error တွေတော့ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ချိန်းလာသမျှ ဖုန်းတွေကတော့ များသောအားဖြင့် error တတ်တာမျိုး မရှိပါဘူး။


ချွင်းချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ China ပဲထွက်ပြီး Global မထွက်တဲ့ဖုန်းတွေရှိပါတယ်။ ဥပမာ Mi 5X, Mi 6X, CC9e, Mi 8 SE, Redmi K 30 5G တို့လိုမျိုးဖုန်းတွေဆိုရင် သူတို့အတွက် Global ROM မထွက်တဲ့အတွက် Global ပြောင်းလို့ရမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Third Party Developer တွေ ထုတ်ပေးထားတဲ့ EU ROM တွေ Pro ROM တွေပြောင်းတင်ချင်တယ်ဆိုရင်တော့ တင်လို့ရပါမယ်။ ဒါပေမယ့်လည်း Developer တွေထုတ်ထားတဲ့ ROM တွေဆိုတော့ တချို့နေရာတွေမှာ bugs တွေရှိနေတတ်ပါတယ်။ နည်းပညာနဲ့အကျွမ်းတဝင်မရှိတဲ့သူတွေဆိုရင်တော့ တင်မသုံးဖို့ဘဲ အကြံပေးပါရစေ။


ကဲ ဒီလောက်ဆိုရင် အပေါ်က နိဒါန်းမှာသိချင်ခဲ့သမျှ သင့်ရဲ့မေးခွန်းတွေကို ကျွန်တော်တို့ သေသေချာချာ ပြန်ဖြေလိုက်နိုင်ပြီထင်ပါတယ်။ သင့်အနေနဲ့လည်း Xiaomi ဖုန်းတွေရဲ့ Global, China အရှုပ်တော်ပုံကြီးကို သေသေချာချာ နားလည်သွားလောက်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ပြီး China to Global ချိန်းတဲ့ Process နဲ့ဖြစ်လာနိုင်တဲ့ Error တွေကိုလည်း သဘောပေါက်သွားလောက်မှာပါ။ သင်ရော Xiaomi (သို့မဟုတ်) Redmi ရဲ့ ဘယ်ဖုန်းအမျိုးအစားတွေကိုသုံးနေလဲ ? သင့်ရဲ့ဖုန်းက Global လား ? China လား ? ဆိုတာကို အောက်က Comment မှာ ဝင်ရောက်ပြောပြပေးသွားပါဦး 🙏🤝🙏

Credit To Original

#Mobile #Phone #Mi #Global #China

No comments

Powered by Blogger.