Excel Formula Error များ ကို နားလည်ခြင်း၊ ချဉ်းကပ် ကျော်လွှားခြင်း

 

Excel အသုံးပြု ပြီဆိုတာနဲ့ Formula Error တွေက တွေ့နေရမှာပါပဲ။ Error တွေရဲ့ သဘောတရားနဲ့ ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတာ ဆွေးနွေးပေးထားပါတယ်။ အားလုံးအတွက် အသုံး၀င်မယ်လို့ ယုံကြည်ပါတယ်။ 

***********************************************************************

.

၁) #Div/0! Formula Error

ဒီ Error က တော့ နားလည် ရလွယ်ပါတယ်။ ကိန်းဂဏန်းတစ်ခုကို သုညနဲ့ စားမိတဲ့အ ခါမှာ ပေါ်လာတာပါ။ ဒီ Error ပေါ်လာရင်တော့ ကိုယ် အသုံးပြု တဲ့ ဒေတာ ထဲမှာ သုည ကို ပြန်စစ် ပေးရုံပါပဲ။

၂) #Name? Formula Error

ဒီ Error ကိုတော့ Formula ရေးတဲ့အခါ စာလုံးပေါင်း မှား ရင် တွေ့မြင်ရမှာပါ။ ဥပမာ =SUM(B1:B3) လို့ ရေးရမယ့် အစား =SU(B1:B3) လို့ ရေးမိတာမျိူးပေါ့။ ဒီ Error ပေါ်လာရင်တော့ ကိုယ့်ရဲ့ Formula ထဲမှာ အသုံးပြု တဲ့ Formula နာမည် တွေ၊ Cell Range အမည်တွေ ပြန်စစ်သင့်ပါတယ်။


၃) #N/A Formula Error


ဒီ Error ကတော့ Lookup Function တွေ သုံးတဲ့အခါ တွေ့ရများပါတယ်။ ကိုယ်ရှာချင်တဲ့ တန်ုဖိုးက ကိုယ်ရှာခိုင်းတဲ့ Cell Range အတွင်းမှာ မရှိတဲ့ အခါ ပေါ့။ ဒီ Error ကို ဖြေရှင်းဖို့ကတော့ ကိုယ်ရှာခိုင်းတဲ့ တန်ဖိုး စာလုံးပေါင်း မှန်ရဲ့လား ပြန်စစ်ကြည့်သင့်ပါတယ်။


. နောက်တစ်နည်းကတော့ အဲလို ကိုယ်ရှာချင်တဲ့ တန်ဖိုး မတွေ့ခဲ့ရင် ဒီ Error ပြမယ့် အစား ကိုယ်ပြစေချင်တဲ့ တန်ဖိုး လေး ပြခိုင်းတာပေါ့။ 

ဥပမာ =If(Iserror(Vlookup(…)),”Not Found”,Vlookup(…)) လို့ ရေးလိုက်ရင် #N/A ပြမယ့် အစား Not Found ဆိုတာလေးပဲ ပြပေးသွားမှာပေါ့။

.

၄) #Null! Formula Error

.

ဒီ Error တက်တဲ့ အကြောင်းအရင်းကတော့ Formula ရေးတဲ့အခါ Cell Range တွေကို မှန်မှန်ကန်ကန် မရေးသားလို့ပါပဲ။

 .

ဥပမာ =Sum(D30:D32 C31:C33) 

ဒီ Error မျိူ းမြင်ရရင်တော့ ကိုယ့် ရဲ့ Formula မှာ Range တွေ မှန်ရဲ့လား ပြန်စစ်ပေးရုံပါပဲ။

.

၅) #Num! Formula Error

.

မဖြစ်နိုင်တဲ့ ကိန်းဂဏန်းတွေ (သို့မဟုတ်) Excel က မဖော်ပြနိုင်တဲ့ ကိန်းဂဏန်းတွေဆိုရင် ဒီ Error ကို တွေ့ရမှာပါ။ 

.

ဥပမာ =875434^654 လို့ Excel မှာ ရိုက်လိုက်ရင် ဒီ #Num! Error ကို တွေ့ရမှာပါ၊ ကိန်းဂဏန်းက အရမ်းကြီးတဲ့အတွက် Excel က မဖော်ပြနိုင်တာပါ။

နောက်ဥပမာ တစ်ခုက =Sqrt(-2) လို့ ရိုက်လိုက်ရင်လဲ ဒီလို Error မျိူး ကို တွေ့ရပါမယ်။ Square Root မှာ Minus မရှိလို့ပါ။ ဒီလို Eroor တွေ့ပြီဆိုရင်တော့ ကိုယ်အသုံးပြုတဲ့ ကိန်းဂဏန်း တွေကို ပြန်စစ်ရုံပါပဲ။

.

၆) #Ref! Formula Error

.

အတွေ့ရအများဆုံး Error ပါပဲ။ Formula ထဲမှာကိုယ် အသုံးပြုထားတဲ့ Cell ကို ဖျက် လိုက်တဲ့အခါ Formular ရဲ့ Result မှာ ဒီ Error ကို မြင်ရမှာပေါ့။

ဥပမာ =B2/B3 ရဲ့ Formula က 8 ရတယ် ဆိုပါဆို့။ B3 (သို့မဟုတ်) B2 ကို ဖျက်လိုက်ရင် ဒီ #Ref! Error ကို ရမှာပေါ့။


နောက်ဖြစ်နိုင်တာက Formula ရေးလို့ ရထားတဲ့ ရလာဒ်တွေကို အခြား နေရာမှာ Paste ချရင်လဲ ဒီလို Error တွေ့ရနိုင်ပါတယ်။

.

 အဲလိုဖြစ်ခဲ့ရင် ကိုယ် ထားချင်တဲ့ Cell အပေါ်ကို Right Click ထောက် Paste Special ကို အသုံးပြုပြီး Paste as value ဒါမှ မဟုတ် Paste link ကို အသုံးပြုပါ။ Paste as value ဆိုရင်တော့ ကိုယ် copy ကူးခဲ့တဲ့ ကိန်းဂဏန်းကိုပဲ အတိအကျ ပြန် paste ချ ပေးသွားမှာပါ။ paste link ဆိုရင်တော့ Formula ထဲမှာ အသုံးပြုတဲ့ ကိန်းဂဏန်းတွေ ပြောင်းတိုင်း သူရဲ့ တန်ဖိုးက လဲ လိုက် ပြောင်းပေးသွားမှာပါ။

.

၇) #VALUE! Formula Error

.

Formula ထဲမှာ အသုံးပြုတဲ့ အမျိူးအစားက မှားနေရင် ဒီ Error ကို တွေ့ရပါလိမ့်မယ်။ 

.

ဥပမာ ကိန်းဂဏန်းတစ်ခုနဲ့ စာသားတစ်ခုကို ပေါင်းခိုင်းတဲ့ အခါမျိူ းပေါ့။ B1 ထဲမှာ 3 ရှိမယ်။ B2 ထဲမှာ A ရှိနေမယ်ဆိုရင် =SUM(B1+B2) လို့ Formula ရေးလိုက်တာနဲ့ ဒီလို #VALUE! Error ကိုတွေ့ရမှာပါ။ 

ဒီ Error တွေ့ရရင်တော့ကိုယ်အသုံးပြုတဲ့ Data type မှန်ရဲ့လားဆိုတာ ပြန်စစ်ရမှာပေါ့။

.

၈) ###### Error

.

ဒီ Error လဲ အတွေ့ရများပါတယ်။ အဖြစ်များဆုံးကတော့ Column width က ဒေတာကို ဖော်ပြဖို့လုံလောက်တဲ့ အကျယ်အ၀န်းမရှိလို့ပါ။ အဲဒီတော့ Column width ချဲ့ပေးလိုက်တာနဲ့ ကိန်းဂဏန်းအမှန်တွေ ပြန် မြင်ရပါပြီ။

.

နောက်ထပ် ဖြစ်တတ်တဲ့တစ်ခုကတော့ negative value ပါပဲ။ အချိန်တွေ နေ့ရက်တွေ မှာ Negative value မရှိတဲ့အတွက် Negative value ပါတာနဲ့ ဒီလို Error မျိူ း မြင်တွေ့ရမှာပါ။ အဲဒီတော့ အချိန်တွေ နေ့ရက်တွေထဲမှာ (အထူးသဖြင့် အနုတ်တန်ဖိုး မရှိနိင်တဲ့ ကိန်းဂဏန်းအမျိူးအစားးမှာ) Minus လေးပါနေလား ပြန် စစ်လိုက်တာနဲ့ ဒီပြသနာ က ပြေလည်သွားမှာပါ။

.

*****************************************************************

.

မရှင်းတာ ရှိရင်လဲ ဆွေးနွေးလို့ရပါတယ်။

.

 အားလုံး Formula Error တွေကို လွယ်ကူစွာ ကျော်လွှားနိုင်ကြပါစေ။

Credit:Myanmar Excel Expert Team

#Excel #Formula Error #Computer #Basic #Microsoft

No comments

Powered by Blogger.