ကွန်ပျူတာ Storage ကို ပမာဏကန့်သတ်(Quota) ပြုလုပ်နည်း
1. Cmd ကို Administrator နဲ့ ဖွင့်ပြီး အောက်ပါ Command ကို ရိုက်ထည့် Enter နှိပ်ပါ။ fsutil fsinfo statistics c: (File System Type မှာ NTFS ဆိုရင် NTFS Format ဖြစ်ပါတယ်။)
2. NTFS File Type ဖြစ်တယ်ဆိုတာသိပြီ၊ ကွန်ပျူတာရဲ့ မှုရင်း Default က Hard Disk ကို ကန့်သတ်ပိုင်းခြားမှုကို Disable ပေးထားပါတယ်။ အဲ့ဒါကြောင့် Enable ပေးရမယ်။ အောက်ပါအတိုင်း ရိုက်ထည့်ပြီး Enable ပေးရပါမယ်။
fsutil quota track c:
3. Enable ပေးပြီးသွားရင် ဘယ် User ကို HDD Space ဘယ်လောက်ထိပဲ အသုံးပြုခွင့်ပေးမလဲ လုပ်လို့ရနိုင်ပါပြီ။ ဒီသင်ခန်းစာမှာ NetComplus ဆိုတဲ့ User အကောင့်ကို C:\ အပိုင်းမှာ HDD Space 1GB လောက်ပဲ အသုံးပြုခွင့် ပေးတာကိုပြပါမယ်။ အောက်ပါအတိုင်း ရိုက်ထည့်ပါ။
fsutil quota modify C: 1024000 1030000 NetComplus
1024000 ဆိုတာက 1GB ရဲ့ Kilobits ပါ။ MB ဖြစ်ဖြစ်၊ GB ဖြစ်ဖြစ် ဒီနေရာမှာတော့ Kilobits နဲ့စတွက်ရင် ပိုအဆင်ပြေပါမယ်။ 1024000 Kilobits (1GB) ပြည့်တိုင်း Alert ပေးအောင် ပြုလုပ်တာဖြစ်ပါတယ်။ 1030000 ကတော့ 1GB ထက်ကျော်ပြီး အများဆုံး အသုံးပြုခွင့်ပေးလိုက်တဲ့ Space Size ဖြစ်ပါတယ်။ NetComplus ကတော့ User Name ဖြစ်ပါတယ်။ (မိမိကွန်ပျူတာ နာမည်ထည့်ပါ)
4. Hard Drive C,D,E အပိုင်းများ၊ HDD Size ပမာဏ၊ User Name စသည်တိုကို့မိမိစိတ်ကြိုက်ရွေးချယ် ကန့်သတ်မှုပေးထားနိုင်ပါတယ်။
5. ကိုယ်လုပ်ခဲ့တာ မှန်၊မမှန် ပြန်စစ်ကြည့်ဖို့အောက်ပါ Command ကို ရိုက်ထည့်ကြည့်နိုင်ပါတယ်။ fsutil quota query C: အခုဆိုရင် ဘယ် User က ဘယ်လောက် Space Size အသုံးပြုခွင့်ရှိတာ မြင်ရပါမယ်။
6. HDD Space ခွဲဝေကန့်သတ်ပေးတာကို မလုပ်ချင်တော့ဘူးဆိုရင် အောက်ပါ command ကို ရိုက်ထည့်ပါ။ fsutil quota disable c:
7. HDD Space Size ကန့်သတ်ချင်တဲ့ Drive ကို Right Click\Properties\Quota ထဲဝင်ပြီးလည်း လုပ်ကြည့်နိုင်ပါတယ်။ အခုဖော်ပြထားတာက Advanced User တွေ အတွက်ဖြစ်ပါတယ်။
Credit Original Uploader
Leave a Comment