>>>ကွန်ပျူတာ အခြေခံပြသာနာများ စုစည်းမှု<<< ကွန်ပျူတာ ပြသာနာတစ်ချို့မဖြေရှင်းတတ်သူများ အတွက်ဆိုင်သွားပြီးမလုပ်တော့ပဲမိမိ ကိုယ်တိုင် ဖြေရှင်းကြမယ်


​>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<

1. Software ဖွင့်လို့မရခြင်း

2. မြန်မာစာမမှန်တာ

3. Taskbar မှာIcon ပျောက်သွားခြင်း

4. Location is not available ကို ဖြေရှင်းနည်း

5. Driver ကြည့်နည်း


1. Software ဖွင့်လို့မရခြင်း


Software တစ်ခုကိုဖွင့်လိုက်ရင် တစ်ချို့ကျတော့Error message box တက်လာတယ်။ တစ်ချို့ကျတော့ ဘာအရိပ်အရောင်မှမပြဘူး။ အပြာရောင်အဝိုင်းလေးခဏ လည်ပြီး ဘာမှဆက်မဖြစ်တော့ဘူး။ ဒီလိုပြဿနာဖြစ်နိုင်ခြေများစွာရှိပါတယ်။ ကိုယ်install လုပ်မယ့်ဆော့ဝဲလ်က ကိုယ့်စက်နဲ့ကိုက်မကိုက်၊ အရင်ကြည့်ပါ။ ဘယ်လိုကြည့်ရမလဲ မေးစရာဖြစ်လာပြန်ပြီ။ ကိုယ့်စက်system information ကို တစ်ချက်ရှိုးကြည့်လိုက်ပါ။ ဘယ်လိုကြည့်မှာလဲ။Windows key နဲ့Pause Break key ကိုတွဲနှိပ်၊ This PC/My Computer ကို right click အောက်ဆုံးကproperties ကိုနှိပ်၊ နောက်တစ်နည်းကတော့ (ဟsystem information လေးကြည့်ဖို့ကို နည်းတွေ များလှချည်လားဟ) Run box ကနေဆိုရင် မေးစရာဖြစ်လာပြန်ပြီ Run box ဘယ်လိုဖွင့်ရမလဲ။Windows key နဲ့R ကိုတွဲနှိပ်၊ Search box မှာ Run လို့ရိုက်ရှာကြည့်။ Run box မှာ (msinfo32) ကိုရိုက်ထည့်၊Search box မှာ System informaton လို့ရိုက်ရှာလိုက်ရင်ကော??? ရပါတယ်။ နောက်တစ်နည်း Run box မှာပဲ (dxdiag) ရိုက်ထည့်ရင်ကောရတယ်။ Cmd သမားဆိုရင်(systeminfo) လို့ရိုက်ထည့်လိုက်ပါ။ တစ်ခြားနည်းတွေလည်း ရှိသေးတယ်။ ကိုယ်ဖွင့်တတ်သလိုဖွင့်ပြီး 32 bit or 64 bit လားစစ်ကြည့်ပါ။ ဆော့ဝဲလ်ကကော 32 bit or 64 bit လားစစ်ကြည့်ပါ။ 32 bit software ကို 64 bit မှာ install လုပ်လို့ရပေမယ့် 64 bit ကို 32 bit မှာ လုပ်ရင် မရဘူးနော်။ ဟုတ်ပါပြီ၊ ကိုယ့်စက်က install လုပ်မယ့် software အတွက် သင့်တော်တယ်ဆိုရင် (.exe) ကို Run as admin နဲ့ဖွင့်ပါ။ အဲ့ဒီမှာinstall လုပ်နေရင်း Error box တွေတက်လာရင် ဖတ်လိုက်ပါ။ ဘာError လဲဆိုတာ။ Installation files တွေ မစုံတာလား၊ Dll files တွေ missing ဖြစ်နေတာလား။ This app can't open ဖြစ်နေတာလား။ ဖွင့်လိုက်ရင် အပြာရောင်အဝိုင်းလေးပဲ လည်နေပြီး နိတ္ထိဓံဖြစ်သွားတာလား။ File မစုံရင် စုတဲ့ software နဲ့install လုပ်၊ dll file တွေ missing ဖြစ်နေရင် ဆော့ဝဲလ် icon ကို Right click\ open file location (shortcut location မဟုတ်) ကို ဝင်ပါ။ ဆော့ဝဲလ်installer ထဲက ဖိုင်တွေကို ကူးပြီး ခုနကlocation မှာ ချပေးလိုက်ပါ။ အဲ့တာမှ မရသေးရင်(setup.exe) ကို right click နှိပ်၊ properties\ Tools\ compatibility အောက်က (Run this program in compatibilty mode for) မှာ အမှန်ခြစ်ခြစ်ပြီး တစ်ခြားwindows os(7,8,10) စသည်ဖြင့်ရွေးပြီး စမ်းကြည့်ပါဦး။ လိုင်စင်နဲ့ဝယ်သုံးရတဲ့Office 365 ကိုတော့ Setup.exe ကို run လို့မရဘူးနော်။ Cmd ကနေinstall လုပ်ရတာ။ Install လုပ်လို့မရသေးဘူးလား။ အကုန်လုံး ဖိုင်တွေပါမကျန်uninstall လုပ်ပြီး ပြန် install လုပ်လိုက်ပါ။


2. မြန်မာစာမမှန်တာ


ဘယ်မှာ မမှန်တာလား။ browser မှာလား။Desktop မှာလား၊ Mircrosoftw app မှာလား။ ကွန်ပျူတာsystem မှာလား။ မြန်မာဇော်ဂျီဖောင့်၊ယူနီကုတ်ဖောင့်တွေကော ထည့်ထားရဲ့လား။ ထည့်ရဲသားမမှန်သေးဘူးလား။ Run box မှာ Fonts လို့ရိုက်ထည့်လိုက်ပါဦး။ အဲ့မှာ စက်ထဲမှာရှိသမျှဖောင့်တွေ လိုတာတွေကော၊မလိုတာတွေကော သူများ ထည့်ပေးလို့ထည့်ထားရတာတွေ အကုန်တွေ့ရမယ်။Zawgyi font က မြိန်နေသလား။ ဒါဆိုရင်Right click နှိပ်၊ Show ကို နှိပ်လိုက်ပါ။ပြန်ကြည့်ကြည့် မြိန်နေတာ ပျောက်သွားပြီလား။Zawgyi Keyboard ကော ထည့်ထားပြီလား။ Control Panel\All Control Panel Items\Language အောက်မှာ zawgyi keyboard ကို ထည့်ထားပြီလား။ အဲ့ဒီမှာinput default keyboard မှာ English(US) ကို ထားပါ။ မဟုတ်ရင် ဘာရိုက်ရိုက် မြန်မာလိုပဲပေါ်နေမယ်။Chrome browser မှာ မမှန်ရင် chrome setting ကိုဝင်၊ search setting မှာfonts လို့ရိုက်ရှာ၊ အကုန်လုံးzawgyi ကိုရွေး၊ Firefox မှာဆိုရင် options ဝင်၊ Find in options မှာ font ရိုက်ရှာ zawgyi ရွေး၊ ယူနီကုတ်မရရင်၊ Alt + Shift နဲ့ပြောင်းကြည့်ပါ။ မရရင်Language အောက်က advanced မှာ ယူနီကုတ်ကို shortcut key သတ်မှတ်ပေးပါ။Mircrosoftw app မှာတော့ ဇော်ဂျီဖောင့်မရပါဘူး။ ယူနီကုတ်ပဲ မြန်မာစာမှန်မှာပါ။ အပေါ်ကအကုန်လုပ်ပြီးပြီ မရသေးဘူးဆိုရင် မြန်မာစာမှန်အောင်ပြောင်းပေးတဲ့software တွေရှိတယ်။ FB Search box မှာ မြန်မာ ဖောင့်လို့

 ရိုက်ရှာဒေါင်းပြီး သုံးပါ။Registry မှာ သွားပြင်ရတာတော့ မရေးတော့ဘူး။


3. Taskbar မှာIcon ပျောက်သွားခြင်း


Windows 10 ဆိုရင်Settings\Personalization\Taskbar\Notification Area\Select which icons appear on the taskbar နဲ့ Turn system icons on or off ကိုဝင်ပြီး On လုပ်ထားပါ။ ဘာမှမလုပ်ပဲ စက်ကိုrestart ချပေးလိုက်ရင်လည်း ပြန်တက်လာတတ်တယ်။Windows 7 ဆိုရင် Personalization\Taskbar and start munu properties\Notification area အောက်က Customize ကိုနှိပ်ဝင်၊ ပေါ်စေချင်တကို Show icon and notifications ကိုရွေးပေးပါ။ အောက်ဆုံးမှာ Turn

system icons on or off ကို ပြန်ဝင် ပေါ်စေချင်တာ On လုပ်ထားပါ။


4. Location is not available ကို ဖြေရှင်းနည်း


Windows တင်တင်ပြီးချင်း desktop ပေါ်မှာright click နှိပ်လိုက်ရင် Location is not available လို့Error message box တက်လာတတ်ပါတယ်။ Windows တင်တုန်းက User account မလုပ်ခဲ့လို့built-in ပါတဲ့admin account နဲ့သုံးနေရင် ဖြစ်တတ်ပါတယ်။ အဲ့တာကြောင့်admin account တစ်ခုဖွင့်ပြီးသုံးပါတယ်။ ဒါမှမဟုတ် နောက်ဖြစ်နိုင်တာတစ်ခုကExplorer ကိုဖွင့်ပါ။ ဘယ်ဘက်ဘေးမှာComputer or This PC အောက်က Desktop ကို Right click နှိပ်၊ preperties ကိုနှိပ်၊Shortcut tab ရဲ့အောက်က Target မှာ မိမိလက်ရှိသုံးနေတဲ့ user account name ဥပမာ-(C:\users\mgmg\desktop) ဖြစ်အောင်ထားလိုက်ပါ။ ဆော့ဝဲလ်ထည့်ပြီး ဖြေရှင်းလို့လည်းရတယ်။


5. Driver ကြည့်နည်း


Windows တင်ပြီးရင် driver တွေ ထည့်ပေးရမယ်။(ကားမောင်းသမားမဟုတ်ပါ။) ဘာကြောင့်driver ထည့်ပေးရသလဲဆိုတော့ သူ့ဆိုင်ရာဆိုင်ရာprogram တွေ အလုပ်လုပ်နိုင်ဖို့၊ သိရှိစေနိုင်ဖို့ထည့်ရမယ်။ ဥပမာဆိုပါစို့။ လက်တော့မှာ အင်တာနက်ချိတ်ချင်တယ်။ ဒါပေမယ့်network card, wireless driver တွေ မရှိသေးဘူးဆိုရင် wifi icon က အနီရောင်ကြက်ခြေခတ်ဖြစ်နေမှာပါ။ ကွန်ပျူတာမှာ အင်တာနက်ကိုသိတဲ့ ကြားခံကိရိယာdriver မရှိသေးလို့ပါ။ ဘယ်လိုdriver ကို install လုပ်ရမလဲ။ စက် motherboard ရဲ့မှုရင်းdriver ကို install လုပ်ပါ။ မှုရင်း driver ခွေမရှိတော့ရင် motherboard model ကြည့်ရှာဒေါင်းလိုက်ပါ။ တစ်ခြားdriver တွေထည့်ရင် အခုလောလောဆယ်သုံးရင် ဘာမှမဖြစ်ပေမယ့် ကြာလာရင်Error တက်တတ်ပါတယ်။ ကွန်ပျူတာမှာprogram အားလုံး အလုပ်လုပ်နိုင်ဖို့သူ့ဆိုင်ရာဆိုင်ရာdriver တွေရှိတယ်နော်။ Driver စုံ၊မစုံဘယ်လို ကြည့်မလဲ။ Run box ဖွင့်လိုက်ပါ။ (devmgmt.msc) ရိုက်ထည့်ပြီး ဘယ်driverတွေ မရှိသေးတာလဲစစ်ကြည့်ပါ။Driver မသိရင် အဝါရောင်ပုံနဲ့ပေါ်နေမှာပါ။ အင်တာနက်ချိတ်ထားရင် အဲ့ဒီ မသိတဲ့driver ကို right click နှိပ်ပြီးupdate, disable, uninstall စတာတွေ manage လုပ်နိုင်တယ်။


ကွန်ပျူတာ ဆိုင်ရာ ဂရုတွေမှာ အမေးများဆုံး Error များ

**************************************************

 ကျွန်တော်လည်း ဝါသနာရှင် တစ်ယောက်ပါ မေးတတ်သောError များကို သိသလောက် ဖြေရှင်းပေးပါမယ်

************************************************

 မေး - Laptop မှာ စာရိုက်တဲ့ အခါ ဂဏန်းတွေ ပေါ်နေတယ်။

 ဖြေ - Laptop တွေမှာ စာရိုက်တဲ့ အခါ ဂဏန်းပေါ်နေတာက Num Lock ပွင့်နေလို့ပါ။ Num Lock ပိတ် စာရိုက်ကြည့်ပါ။ အဆင်ပြေပါလိမ့်မည်။

************************************************

 မေး - Adobe PageMaker မှာ မြန်မာစာ ရိုက်တဲ့အခါ ဒ , ဓ ရိုက်မရဘူး။

 ဖြေ - Adobe PageMaker မှာ ဒ , ဓ ရိုက်မရပါက

- Ctrl + K ကို နှိပ်ပါ

- More ကို နှိပ်ပါ

- Use typographer's quotes မှာ အမှန်ခြစ် ဖြုတ်ပါ

- OK >>> OK နှိပ်ပါ

************************************************

 မေး - Computer Screen က ပြောင်းပြန် ဇောက်ထိုး ဖြစ်နေပါတယ်။

 ဖြေ - Computer Screen က ပြောင်းပြန် ဇောက်ထိုး ဖြစ်နေပါက

- Ctrl + Alt + Up နဲ့ ပြန်ပြောင်းပါ

 နောက်ထပ် လုံးဝ မဖြစ်ချင်ပါက

 ကွန်ပျူတာ Screen ရဲ့ လွတ်တဲ့ နေရာကို Right Click နှိပ်ပါ

Graphics Options >>> Hot Keys >>> Enable ကိုDisable ပြောင်းပါ

************************************************

 မေး - Keyboard ခလုတ် တစ်ချို့ မကောင်းတော့လို့ပါ။

 ဖြေ - Keyboard ခလုတ် မကောင်းပါက

Start >>> Control Panel >>> Ease of Access Center >>> Use the computer Without a mouse or keyboard >>> Use On-Screen keyboard မှာ အမှန်ခြစ်ပြပါ

************************************************

 မေး - Taskbar icon လေးတွေက အရမ်း သေးနေပါတယ်။

 ဖြေ - Taskbar icon လေးတွေ သေးငယ်နေပါက

Taskbar အပေါ် Right Click နှိပ်ပါ

Properties >>> Taskbar အောက်က Use Small icons ကို အမှန်ခြစ် ဖြုတ်ပါ။

************************************************

 မေး - Window တင်ဖို့ CD / DVD ကို First boot ထားပြီးပြီ။ ခွေလည်း ကောင်းတယ်။Drive လည်း ကောင်းတယ်။ Boot မတတ်ဘူး။

 ဖြေ - Window တင်ဖို့ရန် CD / DVD ကို First boot ထားပြီးပြီ။ Boot မတတ်ပါက

BIOS ထဲ ဝင်ပါ

Boot Menu ထဲက Boot Mode မှာ UEFI ဖြစ်နေပါကLegacy BIOS Mode ပြောင်းပေးပါ။

************************************************

 မေး - Adobe Photoshop CS3 ထည့်ထားပါတယ်။ ဖွင့်မရပါ။

 ဖြေ - Adobe Photoshop CS3 ထည့်ထားပေးမယ့် စဖွင့်တဲ့ အခါRight Click >>> Run as administrator နဲ့ အရင် ဖွင့်ရပါသည်။

***********************************************

 မေး - Command Prompt မှာ Date , Time ပြောင်းရင် ပြောင်းမသွားပါ။

 ဖြေ - Command Prompt မှာ Date , Time ပြောင်းရင်

Start ကနေ cmd အပေါ် Right Click >>> Run as administrator ဖွင့်ပါ။ Date , Time ပြောင်းပါသည်။

( မှတ်ချက် - cmd ကို Run as administrator နဲ့ ဖွင့်ပါကWindows\system 32 အောက် ရောက်လို့ပါ )

***********************************************

 

 အဆင်ပြေကြပါစေ.

Credit မူရင်းရေးသားသူ


Chit This (နည်းပညာလမ်းညွှန်)

No comments

Powered by Blogger.