သင့် စမတ်ဖုန်းအတွက် SD Card ရွေးချယ် ဝယ်ယူနည်း


**********************************************

လူအများစုက စမတ်ဖုန်း၊ တက်ဘလက်နဲ့ အခြား အီလက်ထရောနစ် ကိရိယာများအတွက် SD Card ရွေးချယ် ဝယ်ယူတော့မယ်ဆိုရင် ဝင်ဆန့်တဲ့ ပမာဏကိုသာ စစ်ဆေးကြပါတယ်။

ဒါပေမယ့် SD Card ဝယ်တော့မယ်ဆိုရင် ဝင်ဆန့်တဲ့ ပမာဏ အပြင် အခြား ရွေးချယ်ရမယ့် စံနှုန်းများစွာ ရှိပါတယ်….

SD/SDHC/SDXC

••••••••••••••••••••••

ကဒ်တစ်ခုရဲ့ ဝင်ဆန့်တဲ့ ပမာဏဟာ သူ အသုံးပြုတဲ့ ဖိုင်စနစ်အပေါ် မူတည်ပါတယ်။ အဲဒီ ဖိုင်စနစ်များကို ကဒ်မှာ ရေးသားထားပါတယ်။ Plain SD Card ကတော့ FAT12 နဲ့ FAT16 System ကို အသုံးပြုပြီး 2GB အထိ သိမ်းနိုင်ပါတယ်။


SDHC ( High Capacity) Card ဟာ FAT32 System ကို အသုံးပြုပြီး 2GB ကနေ 32GB အထိ သိမ်းနိုင်ပါတယ်။


SDXC (Extended Capacity) ဟာ exFAT System ကို အသုံးပြုပြီး 32GB ကနေ 2TB အထိ သိမ်းနိုင်ပါတယ်။


သင့်ရဲ့ စမတ်ဖုန်းက လက်ခံတဲ့ ဝင်ဆန့်တဲ့ ပမာဏကို အရင်လေ့လာပြီးမှ SD Card ကို ဝယ်ယူပါ။


UHS Bus Speed

•••••••••••••••••••••

UHS (Ultra High Speed) Bus Speed ကို ရိုမန် ဂဏန်း သင်္ကေတ ( I , II, III ) ဖြင့် ကဒ်မှာ ဖော်ပြထားပြီး ကဒ်ရဲ့ Pins နဲ့ Host Device ရဲ့ Connector အကြားမှာ ဒေတာများ ကူးပြောင်းတဲ့ နည်းလမ်းကို ရည်ညှန်းပါတယ်။ တစ်နည်းအားဖြင့် ဒေတာ ကူးပြောင်းမှု အမြန်နှုန်း ဖြစ်ပါတယ်။


UHS I က ကဒ်ရဲ့ အနောက်ဘက်မှ Pin Row တစ်ခုသာ အသုံးပြုပြီး သီအိုရီ အရ အမြန်ဆုံးအနေဖြင့် 104 MBps အထိ ပ့ပိုးပေးပါတယ်။


UHS II က Pin Row နှစ်ခုကို အသုံးပြုပြီး Half Duplex Mode မှာ 312 MBps အထိ အမြန်နှုန်း ရှိပါတယ်။ Full Duplex Mode မှာ ဒေတာများကို အပြန်အလှန် ကူးပြောင်းပေးပြီး 156 MBps အထိ ပ့ပိုးပေးပါတယ်။


UHS III ကလည်း Pin Row နှစ်ခုကို အသုံးပြုပြီး Full Duplex Mode မှာ 312 MBps ကနေ 624 MBps အထိ ပ့ပိုးပေးပါတယ်။


Speed Class

••••••••••••••••

Speed Class ကို ကဒ်မှာ C သင်္ကေတရဲ့ အတွင်းဘက်မှာ ဂဏန်းဖြင့် ဖော်ပြထားပြီး ကဒ်မှာ ဒေတာ ရေးသားတဲ့ အနည်းဆုံး အမြန်နှုန်းကို ရည်ညှန်းပါတယ်။ အဲဒီ ဂဏန်းဟာ megabytes per second (MBps) ကို ရည်ညှန်းပါတယ်။ 10, 6, 4, 2(MBps) တို့ဖြင့် ဖော်ပြလေ့ရှိပါတယ်။ တန်ဖိုးကြီးမားလေလေ ကဒ်ရဲ့ Write Speed မြင့်မားလေလေ ဖြစ်ပါတယ်။


UHS Speed Class

••••••••••••••••••••••••

လျင်မြန်တဲ့ SDXC Card များမှာ UHS(Ultra High Speed) Rating ပါပြီး U ပုံသဏ္ဍာန် လိုဂိုရဲ့ အထဲမှာ 1(10 MBps) or 3 (30 MBps) ဖြင့် ဖော်ပြလေ့ရှိပါတယ်။ UHS Speed Class နဲ့ UHS Bus Speed တို့ဟာ ဆက်စပ်နေပေမယ့် မတူညီကြပါဘူး။


Credit To www.digitaltimes.com.mm

No comments

Powered by Blogger.