WordPress. com နဲ့ WordPress. org ခြားနားချက်များ🌐🤗


ဝက်ဘ်ဆိုက်ဒ်တစ်ခု တည်ဆောက်တော့မယ်ဆိုရင် Static နဲ့ Dynamic ဆိုပြီး အမျိုးအစားနှစ်မျိုး တည်ဆောက်နိုင်ပါတယ်။ Static ဝက်ဘ်ဆိုက်ဒ်ဆိုတာက စာသား၊ ပုံ၊ ဗီဒီယို အစရှိတဲ့ Content တွေကို Information အနေနဲ့ဖြင့်သာ ပြသထားနိုင်ပြီး တစ်ခုခုပြင်ချင်ရင် သာမန် User ကိုယ်တိုင် ပြင်လို့မရတဲ့ ဝက်ဘ်ဆိုက်ဒ်အမျိုးစား၊ Dynamic ဝက်ဘ်ဆိုက်ဒ်ဆိုတာက ပြင်ချင်တာ ကိုယ်တိုင်ပြင်လို့ရမယ်၊ နေ့တိုင်း အပြောင်းလဲတွေလုပ်နိုင်မယ်၊ စီးပွားရေးလုပ်ငန်းအတွက် ကြိုက်တာအကုန်လုပ်နိုင်တဲ့ ဝက်ဘ်ဆိုက်ဒ်အမျိုးစားအဖြစ် အလွယ်မှတ်ယူနိုင်ပါတယ်။ 

နာမည်ကြီးဝက်ဘ်ဆိုက်ဒ်တွေဖြစ်တဲ့ Netflix, Amazon, Faecbook တို့ကို Python, PHP, Java, C++ Programming Language တွေနဲ့ တည်ဆောက်ထားတဲ့ Dynamic ဝက်ဘ်ဆိုက်ဒ်အမျိုးစားဖြစ်ပါတယ်။ Dynamic ဝက်ဘ်ဆိုက်ဒ်တွေကို Laravel, CakePHP, CodeIgniter အစရှိတဲ့ PHP Frameworks, Programming Language တွေနဲ့ Code ရေးပြီး တည်ဆောက်နိုင်သလို Programming မသိ၊ Code မရေးတတ်ပဲ ဝက်ဘ်ဆိုက်ဒ်တည်ဆောက်လို့ရတဲ့ WordPress, OpenCart, Drupal, Joomla, Magento အစရှိတဲ့ CMS(Content Management System)တွေနဲ့လည်း တည်ဆောက်နိုင်ပါတယ်။ 


CMS မှာ အများစုအသုံးပြုကြတာကတော့ Wordpress ဖြစ်ပါတယ်။ Wordrpess မှာလည်း Wordpress. com နဲ့ Wordpress. org ဆိုပြီး နှစ်မျိုးရှိပါတယ်။ အောက်မှာတော့ Wordpress. com နဲ့ Wordpress. org ခြားနားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


Wordpress. com ကို မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းအတွက် မသုံးကြပါဘူး။ အခုမှ ဝက်ဘ်ဆိုက်ဒ်ကို လေ့လာသူများ၊ ကလိကြည့်ချင်သူများ၊ အပျော်တမ်း blog တွေ တင်မယ့်သူများနဲ့ ပိုက်ဆံမပေးရပဲ အခမဲ့အသုံးပြုချင်သူများသာ Wordpress. com ကို အသုံးပြုကြပါတယ်။ အခမဲ့အနေဖြင့် Storage 3GB ပေးပါတယ်။ 


Wordpress. com မှာ blog တစ်ခုလုပ်ချင်ရင် Email နဲ့ အကောင့် Sign up လုပ်ပြီး အလွယ်တကူ လုပ်နိုင်ပါတယ်။ Blog လိပ်စာက (ဥပမာ အောင်အောင် blog ဆိုရင် aungaung.wordpress. com) ဒီလိုမျိုး အနောက်မှာ wordpress. com ဆိုတာကြီး ပါနေမှာပါ။ wordpress. com ဆိုတာ မပါစေပဲ၊ aungaung. com နဲ့ သုံးချင်ရင် aungaung. com Domain ကိုလည်း ဝယ်ရပြီး wordpress .com မှာ aungaung. com ကို ထည့်သုံးမှာဖြစ်လို့ ပိုက်ဆံပေးရပါမယ်။ 


Storage 6GB ကို တစ်လ ($4) တစ်နှစ် ($48) = ၆ သောင်းခွဲလောက်ပေးရပြီး သုံးချင်သလို သုံးလို့မရပါဘူး။ အကန့်သတ်အများကြီးရှိပါတယ်။ သူတို့ Hosting မှာ သွားတင်ထားတာဖြစ်လို့ ကိုယ်ပိုင် Custom Theme တင်လို့မရ၊ ပိုက်ဆံအများကြီးပေးမှ Plugin ထည့်လို့ရ၊ ဝက်ဘ်ဆိုက်ဒ်ကို ကိုယ်တိုင်ထိန်းချုပ်ခွင့်မရ၊ မိမိဝက်ဘ်ဆိုက်ဒ်က သူတို့ Terms & Services နဲ့ ညှိတယ် ထင်ရင် အချိန်မရွေး ဖျက်ချခံရနိုင်ပြီး သူတို့ ထည့်ထားတဲ့ ကြော်ငြာတွေ မိမိ blog ပေါ်မှာ မမြင်ချင်ရင်လည်း မြင်နေရမှာပါ။ 


နောက်ပြီး သူတို့ ပေးထားတဲ့ အခမဲ့ဒီဇိုင်းတွေသာ အသုံးပြုလို့ရပြီး ဝက်ဘ်ဆိုက်ဒ်အောက်မှာ Powered by WordPress. com ကို ဖြုတ်ချင်ရင် ပိုက်ဆံများများပေးရပါမယ်။ မြန်မာပြည်မှာတော့ Wordpress. com ကို ပိုက်ဆံများများ‌ပေးမှ နည်းနည်းအဆင်ပြေပြီး ဝက်ဘ်ဆိုက်ဒ်ကို ကြိုက်သလို Customize လုပ်ခွင့်မရှိလို့ စီးပွားရေးလုပ်ငန်းများအတွက် သိပ်မသုံးကြပါဘူး။ 


Wordpress. org နဲ့ ဝက်ဘ်ဆိုက်ဒ်ဆောက်မယ်ဆိုရင် Domain Name + Hosting နှစ်ခုပဲ လိုအပ်ပြီး အပေါ်က Wordpress. com မှာ မလုပ်နိုင်တာတွေ အကုန်လုပ်နိုင်ပါတယ်။ Domain + Hosting နှစ်ခုပေါင်း ၅ သောင်းဝန်းကျင်နဲ့ ရောင်းတဲ့ မြန်မာကုမ္ပဏီတွေ ရှိပါတယ်။ ဒါပေမယ့် စျေးအရမ်းနည်းတဲ့ Hosting တွေဆိုရင် မဝယ်တာ အကောင်းဆုံးပါ။ 


စျေးနည်းပေမယ့် Hosting မှာ ပါဝင်ရမယ့် Features မစုံ၊ တနေ့ကို ခဏခဏ Down နေတတ်ပြီး ဝန်ဆောင်မှုမကောင်းတဲ့ ဂျင်း Hosting တွေလည်း ရှိပါတယ်။ Domain နဲ့ Hosting ဝယ်ပြီးပြီဆိုရင် wordpress. org/download/ ထဲဝင်ပြီး Download ဆွဲ၊ Localhost မှာ အရင်ဝက်ဘ်ဆိုက်ဒ်ဆောက်၊ သို့မဟုတ် Hosting မှာ ပါတဲ့ Wordpress ကို တိုက်ရိုက် Install လုပ်ပြီး ဝက်ဘ်ဆိုက်ဒ်‌ဆောက်နိုင်ပါတယ်။ 


နောက်ဆုံးအနေဖြင့် WordPress. com နဲ့ WordPress. org ခြားနားချက်ကတော့ အိမ်တစ်အိမ်ကို ဌားနေတာနဲ့ ပိုင်ဆိုင်တာလို ကွာခြားပါတယ်။ အိမ်အဌားနေတာက ရက်လစေ့လို့ အိမ်ဌားခမပေးရင် အိမ်ရှင်နှင်ထုတ်တာ ခံရမှာဖြစ်ပြီး အိမ်ပိုင်ရှင်ကတော့ မည်သူမှ နှင်ထုတ်မခံရ၊ မိမိအိမ်မှာ နေသချင်သလို နေလို့ရပါတယ်။ ဒါကြောင့် လက်ရှိမိမိဆိုက်ဒ်က Wordpress. com နဲ့ လုပ်ထားတဲ့ ဆိုက်ဒ်ဆိုရင် Wordpress. org ကို ဘာမှ မပျက်စေပဲ ရွေ့လို့ရပါတယ်။

Credit Original uploader

No comments

Powered by Blogger.