CPU (Central Processing Unit)

CPU (Central Processing Unit) ကို Processor ဟုလည်း ခေါ်ဆိုလေ့ရှိကြပြီး ကွန်ပျူတာတစ်လုံး၏ ဦးနှောက်ဟု သတ်မှတ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် တွက်ချက်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များကို အချိန်တို အတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ဒဿမကိန်းဆိုင်ရာ တွက်ချက်မှုများ ကိုမူ တွက်ချက်ပေးနိုင်ခြင်း မရှိပေ။ ဒဿမကိန်းဆိုင်ရာ တွက်ချက်မှုများအတွက်FPU (Floating Point Unit) ကို CPU နှင့် ယှဉ်တွဲတည်ဆောက်ခြင်းအားဖြင့် Microprocessor ဖြစ်ပေါ်လာသည်။ CPU ၏အမြန်နှုန်းကို Hertz (Hz) ဖြင့်တိုင်းတာပါသည်။

++++++++++++++++++++++++++++++++++++++++++++++

ယခင်က Software လိုအပ်ချက်ကြောင့် Processor အများအပြား ထည့်သွင်းအသုံးပြုလိုသောအခါ Mother Board ၏ တည်ဆောက်ပုံပြောင်းလဲမှုကြောင့် အခက်အခဲများ တွေ့ကြုံခဲ့ရပါသည်။ ဥပမာ - Processor (၂)လုံး တပ်ဆင်လိုခြင်းအတွက် Mother Board တည်ဆောက်ပုံထူးခြားစွာ ပြောင်းလဲခြင်း မရှိသော်လည်း Processor (၄)လုံး တပ်ဆင်လိုသောအခါ Mother Board ပေါ်တွင် Processor (၄)လုံးအတွက် နေရာပေးရမည် ဖြစ်သည်။ Mother Board အရွယ်အစား ပိုမိုကြီးမား လာခြင်းကြောင့် နေရာအခက်အခဲ ပြဿနာများ ဖြစ်ပေါ် လာရသည်။ ယနေ့ခေတ်တွင် Processor တစ်ခုအတွင်း တွင် Core များထည့်သွင်းခြင်းအားဖြင့် Multiprocessor များ ပေါ်လာသည်။ Processor တစ်ခုအတွင်းတွင် Core (၂)ခုထည့်သွင်းခြင်းကို Dual Core (or) Core 2 Duo ၊ Core (၄) ခုထည့်သွင်းခြင်းကို Quad Core ၊ Core (၈) ခုထည့်သွင်းခြင်းကို Octal Core ဟုခေါ်ဆိုကြပါသည်။

CPU Cache

CPU ရဲ့ Speed သည် Hardware Device အားလုံး ထဲတွင် အမြန်ဆုံးဟု သတ်မှတ်နိုင်ပါသည်။ သို့သော် I/O Device များ၏ Speed သည် CPU Speed နှင့် နှိုင်းယှဉ် နိုင်ခြင်းမရှိအောင် နှေးပါသည်။ CPU သည် I/O Device ထံမှ Data ကိုလိုချင်သောအခါ Speed ကွာခြားချက် ကြောင့် System ၏ Performance ကို နှေးသွားစေပါ သည်။ ထို့ကြောင့် I/O Device များသည် Data ကို ပိုမြန် သော Memory ပေါ်တင်ထားပါသည်။ CPU Cache ၏ Speed သည် CPU လောက်မမြန်ဆန်သော်လည်း Memory ထက်ပိုမိုမြန်ဆန်ပါသည်။ မည်မျမြန်ဆန်သည် ဆိုသော CPU သည် Cache မှ Data ကို လိုချင်သောအခါ စောင့်စရာမလိုလောက်အောင် ဖြစ်ပါသည်။ CPU Cache ကိုသုံးရခြင်း၏ရည်ရွယ်ချက်မှာ Program များကို run သောအခါ Delay မဖြစ်စေရန် ဖြစ်ပါသည်။

Cache အမျိုးအစားများ

Cache အမျိုးအစားနှစ်မျိုးရှိပြီး L1 Cache (Level 1 Cache (or) Internal Cache) နှင့် L2 Cache (Level 2 Cache (or) External Cache) တို့ဖြစ်ပါသည်။

L1 Cache သည် CPU အတွင်းတည်ဆောက်ထား သော Cache အမျိုးအစားဖြစ်သောကြောင့် Internal Cache ဟုခေါ်ဆိုခြင်း ဖြစ်ပါသည်။ CPU Speed နှင့် တန်းတူ အလုပ်လုပ်နိုင်သော Cache အမျိုးအစား ဖြစ်ပါသည်။

L2 Cache သည် Mother Board ပေါ်တွင် တည် ဆောက်ထားသော Cache အမျိုးအစားဖြစ်သောကြောင့် External Cache ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ Full Speed Cache နှင့် Half Speed Cache နှစ်မျိုးရှိပြီး Full Speed Cache သည် CPU Speed နှင့် တန်းတူ အလုပ်လုပ်နိုင်ပါ သည်။Half Speed Cache မှာ CPU Speed ၏ ထက်ဝက် သာ အလုပ်လုပ်နိုင်သော Cache အမျိုးအစားဖြစ်ပါသည်။

CPU ထုတ်လုပ်ရာမှာ နာမည်ကြီးကုမ္ပဏီတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံမှာအသုံးများတဲ့ Intel ရဲ့ နည်းပညာ ကတော့ နှစ်မျိုးရှိပါသည်။ ၎င်းတို့မှာWrite Through Cache နဲ့Write Back Cache တို့ ဖြစ်ပါသည်။ Write Through Cache သည် ဈေးပေါသော်လည်း Performance အားနည်းခြင်းကြောင့် 486 ရှေ့ပိုင်း CPU များသာ အသုံးပြုပါသည်။ ယနေ့ခေတ်တွင်မူ Performance ပိုမို ကောင်းမွန်သော Write Back Cache ကိုသာ အသုံးပြု သည်ကို တွေ့ရပါသည်။

Intel ၏ CPU အမျိုးအစားများ

ယနေ့ခေတ်တွင် ကွန်ပျူတာဟုဆိုလျင် Pentium III, Pentium IV စသည်ဖြင့်သာလူသိများကြပါသည်။ တကယ်တမ်းတွင်မူ Processor ထုတ်လုပ်နိုင်သော အခြား ကုမ္ပဏီများ (IBM, Cyrix, AMD) ရှိသော်လည်း မြန်မာနိုင်ငံ တွင်မူ လူသုံးနည်းလှပေသည်။ ထို့ကြောင့် လူသုံးများ သော Intel ၏ CPU အမျိုးအစားများကို ဖော်ပြပါမည်။ (Intel ၏ CPU အမျိုးအစားသည် 8088 မှစတင်သော် လည်း ယနေ့ခေတ်နှင့် ကိုက်ညီမှု မရှိတော့သောကြောင့် လည်းကောင်း၊ ဈေးကွက်အတွင်း ရှာဖွေလေ့လာရန် မလွယ် ကူသောကြောင့်လည်းကောင်း မဖော်ပြတော့ပါ) Socket 5 Intel ၏ ဒုတိယမျိုးဆက် Processor အတွက် Socket 5 ကိုဖန်တီးခြင်းဖြစ်ပြီး အမြန်နှုန်းမှာ 75 MHzမှ 133 MHz အတွင်းရရှိနိုင်ပါသည်။ PGA (Pin Grid Array) အမျိုးအစားဖြစ်ပြီး Pin ပေါင်း (၃၂၀)ချောင်း ရှိပါသည်။ (Pin Grid Array ဆိုသည်မှာ CPU ၏အောက်ခြေတွင် Pin ချောင်းလေးများ ပါဝင်ခြင်းကို ဆိုလိုသည်)။FSB (Front Side Bus) အနေဖြင့် 50MHz, 60MHz, 66MHz စသည်ဖြင့် ရရှိနိုင်ပါသည်။ (Front Side Bus ဆိုသည်မှာ Mother Board နှင့် CPU တို့အပြန်အလှန်ဆက်သွယ်ကြသော အမြန်နှုန်းကို ဆိုလိုသည်။)

Socket 7

Socket 7 ၏အမြန်နှုန်းမှာ 75 MHz မှ 133 MHz အတွင်းရရှိနိုင်ပြီး Pin ပေါင်း (၃၂၁) ချောင်းပါဝင်သော PGA အမျိုး အစားဖြစ်ပါသည်။ FSB အနေဖြင့် 66 MHz နှင့် 83 MHz ရရှိနိုင်ပါသည်။

Socket 8

Intel ၏ Socket 8 မှစတင်ပြီး Pentium II ဟု စတင်သတ်မှတ်ခဲ့ပါသည်။ အမြန်နှုန်းမှာ 300MHz မှ 333 MHz အတွင်းရ ရှိနိုင်ပြီး Pin ပေါင်း (၃၈၇) ချောင်း ပါဝင် သော PGA အမျိုးအစားဖြစ်ပါသည်။FSB အနေဖြင့် 66 MHz နှင့် 75 MHz ရရှိနိုင်ပါသည်။

Slot 1

Intel သည် ပြောင်းလဲမှုတစ်ရပ်အနေဖြင့် 1997 ခုနှစ်မှ စတင်၍ ှSlot 1 ကိုဖန်တီးခဲ့ပါသည်။ Slot 1 ကို Pentium II တွင်သာမက Pentium III အထိပါ ထုတ်လုပ် ခဲ့သော်လည်း လူကြိုက်များခြင်း မရှိသောကြောင့် နောက် ပိုင်းတွင် Socket အနေဖြင့်သာ ပြန်လည် ထုတ်လုပ်လာ ကြပါသည်။ Slot 1 ကို Pentium II တွင် 233 MHz မှ 450 MHz အထိရရှိနိုင်ပြီး Pentium III တွင်မူ 450 MHz မှ 1113 MHz အထိရရှိနိုင်ပါသည်။ Pin ပေါင်း (၂၄၂)ခု ပါဝင်သော်လည်း Slot အမျိုးအစားဖြစ်သောကြောင့် Pin ချောင်းလေးများအနေ ဖြင့်တွေ့ရမည်မဟုတ်ပေ။ (ပုံတွင် လေ့လာကြည့်ပါ)။FSB အနေဖြင့် 66 MHz, 100 MHz, 133 MHz စသည်ဖြင့် ရရှိနိုင်ပါသည်။

Socket 370

Intel သည် Pentium III မှစတင်၍ Processor များ ထုတ်လုပ်ရာတွင် Pin အရေအတွက်အတိုင်း Socket အမည်ပေးကြသည်ကို လေ့လာတွေ့ရှိရပါသည်။ Socket 370 မှစတင်၍ Peintium III ဟုသတ်မှတ်ကြပြီး အမြန်နှုန်းအားဖြင့်500MHz မှ 1400 MHz အထိ ရရှိနိုင် ပါသည်။ PGA အမျိုးအစား Pin ပေါင်း (၃၄၀) ချောင်း ပါဝင်ပြီး FSB အနေဖြင့် Slot 1 ၏ အမြန်နှုန်းအတိုင်း ရရှိပါသည်

Socket 423

Socket 423 ၏အမြန်နှုန်းမှာ 1300 MHz မှ 2000 MHz အထိဖြစ်ပြီး Pin ပေါင်း (၄၂၃)ချောင်းပါဝင်သော PGA အမျိုး အစားဖြစ်ပါသည်။ Socket 423 မှစတင်၍ Pentium IV ဟုစတင်သတ်မှတ်ခဲ့ပြီး FSB အနေဖြင့် 400 MHz ရရှိသောကြောင့် Pentium III နှင့်ယှဉ်သော် အမြန်နှုန်း သုံးဆကျော် ကွာခြားသည်ကို လေ့လာတွေ့ ရှိရပါသည်။

Socket 478

Socket 478 ၏အမြန်နှုန်းမှာ 1400 MHz မှ 3400 MHz အထိ ဖြစ်ပြီး Pin ပေါင်း (၄၇၈)ချောင်းပါဝင်သော PGA အမျိုး အစားဖြစ်ပါသည်။ FSB အနေဖြင့် 400 MHz, 533 MHz, 800 MHz စသည်ဖြင့်ရရှိနိုင်ပါသည်။

Socket T (LGA 775)

Intel သည် ၂၀၀၄ခုနှစ်မှစတင်၍ Socket T ကို စတင်ဖန်တီးခဲ့ပြီး ၎င်း၏ထူးခြားချက်မှာ Pin လေးများ သည် Pin ချောင်းလေးများအဖြစ် Processor တွင် ပါဝင် မလာတော့ပဲ Mother Board ၏ Processor တပ်ဆင်ရာ နေရာတွင်သာ Pin ချောင်းလေးများ ထည့်သွင်းထား ခြင်းပင် ဖြစ်သည်။ ၎င်းနည်းပညာကို Land Gird Arry (LGA) ဟုခေါ်သည်။ ယခင်က Processor ကို ကိုင်တွယ် ရာတွင် သတိမပြုမိပါက Pin ချောင်းလေးများ ကောက် သွားပြီး ၎င်းကို Mother Board ပေါ်တွင် သတိမမူပဲ တပ်ဆင်မိပါက Pin ချောင်းလေးများ ကျိုးပြီး Processor ပျက်စီးနိုင်ပါသည်။ LGA 775 တွင်မူ Processor တွင် Pin ချောင်းလေးများ မပါဝင်သောကြောင့် ၎င်းအခက်အခဲကို ကျော်လွှားနိုင်ပြီ ဖြစ်သည်။ အမြန်နှုန်း အားဖြင့် 2660 MHz မှ 3800 MHz အထိရရှိနိုင်ပြီး FSB အနေဖြင့် 533 MHz, 800 MHz, 1066 MHz, 1333 MHz, 1600 MHz စသည်ဖြင့်ရရှိနိုင်ပါသည်။CPU (Central Processing Unit)

++++++++++++++++++++++++++++++++++++++++++++++

CPU (Central Processing Unit) ကို Processor ဟုလည်း ခေါ်ဆိုလေ့ရှိကြပြီး ကွန်ပျူတာတစ်လုံး၏ ဦးနှောက်ဟု သတ်မှတ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် တွက်ချက်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များကို အချိန်တို အတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်သောကြောင့် ဖြစ်သည်။ သို့ရာတွင် ဒဿမကိန်းဆိုင်ရာ တွက်ချက်မှုများ ကိုမူ တွက်ချက်ပေးနိုင်ခြင်း မရှိပေ။ ဒဿမကိန်းဆိုင်ရာ တွက်ချက်မှုများအတွက်FPU (Floating Point Unit) ကို CPU နှင့် ယှဉ်တွဲတည်ဆောက်ခြင်းအားဖြင့် Microprocessor ဖြစ်ပေါ်လာသည်။ CPU ၏အမြန်နှုန်းကို Hertz (Hz) ဖြင့်တိုင်းတာပါသည်။

++++++++++++++++++++++++++++++++++++++++++++++

ယခင်က Software လိုအပ်ချက်ကြောင့် Processor အများအပြား ထည့်သွင်းအသုံးပြုလိုသောအခါ Mother Board ၏ တည်ဆောက်ပုံပြောင်းလဲမှုကြောင့် အခက်အခဲများ တွေ့ကြုံခဲ့ရပါသည်။ ဥပမာ - Processor (၂)လုံး တပ်ဆင်လိုခြင်းအတွက် Mother Board တည်ဆောက်ပုံထူးခြားစွာ ပြောင်းလဲခြင်း မရှိသော်လည်း Processor (၄)လုံး တပ်ဆင်လိုသောအခါ Mother Board ပေါ်တွင် Processor (၄)လုံးအတွက် နေရာပေးရမည် ဖြစ်သည်။ Mother Board အရွယ်အစား ပိုမိုကြီးမား လာခြင်းကြောင့် နေရာအခက်အခဲ ပြဿနာများ ဖြစ်ပေါ် လာရသည်။ ယနေ့ခေတ်တွင် Processor တစ်ခုအတွင်း တွင် Core များထည့်သွင်းခြင်းအားဖြင့် Multiprocessor များ ပေါ်လာသည်။ Processor တစ်ခုအတွင်းတွင် Core (၂)ခုထည့်သွင်းခြင်းကို Dual Core (or) Core 2 Duo ၊ Core (၄) ခုထည့်သွင်းခြင်းကို Quad Core ၊ Core (၈) ခုထည့်သွင်းခြင်းကို Octal Core ဟုခေါ်ဆိုကြပါသည်။

++++++++++++++++++++++++++++++++++++++++++++++

CPU Cache

CPU ရဲ့ Speed သည် Hardware Device အားလုံး ထဲတွင် အမြန်ဆုံးဟု သတ်မှတ်နိုင်ပါသည်။ သို့သော် I/O Device များ၏ Speed သည် CPU Speed နှင့် နှိုင်းယှဉ် နိုင်ခြင်းမရှိအောင် နှေးပါသည်။ CPU သည် I/O Device ထံမှ Data ကိုလိုချင်သောအခါ Speed ကွာခြားချက် ကြောင့် System ၏ Performance ကို နှေးသွားစေပါ သည်။ ထို့ကြောင့် I/O Device များသည် Data ကို ပိုမြန် သော Memory ပေါ်တင်ထားပါသည်။ CPU Cache ၏ Speed သည် CPU လောက်မမြန်ဆန်သော်လည်း Memory ထက်ပိုမိုမြန်ဆန်ပါသည်။ မည်မျမြန်ဆန်သည် ဆိုသော CPU သည် Cache မှ Data ကို လိုချင်သောအခါ စောင့်စရာမလိုလောက်အောင် ဖြစ်ပါသည်။ CPU Cache ကိုသုံးရခြင်း၏ရည်ရွယ်ချက်မှာ Program များကို run သောအခါ Delay မဖြစ်စေရန် ဖြစ်ပါသည်။

++++++++++++++++++++++++++++++++++++++++++++++

Cache အမျိုးအစားများ

Cache အမျိုးအစားနှစ်မျိုးရှိပြီး L1 Cache (Level 1 Cache (or) Internal Cache) နှင့် L2 Cache (Level 2 Cache (or) External Cache) တို့ဖြစ်ပါသည်။

++++++++++++++++++++++++++++++++++++++++++++++

L1 Cache သည် CPU အတွင်းတည်ဆောက်ထား သော Cache အမျိုးအစားဖြစ်သောကြောင့် Internal Cache ဟုခေါ်ဆိုခြင်း ဖြစ်ပါသည်။ CPU Speed နှင့် တန်းတူ အလုပ်လုပ်နိုင်သော Cache အမျိုးအစား ဖြစ်ပါသည်။

++++++++++++++++++++++++++++++++++++++++++++++

L2 Cache သည် Mother Board ပေါ်တွင် တည် ဆောက်ထားသော Cache အမျိုးအစားဖြစ်သောကြောင့် External Cache ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ Full Speed Cache နှင့် Half Speed Cache နှစ်မျိုးရှိပြီး Full Speed Cache သည် CPU Speed နှင့် တန်းတူ အလုပ်လုပ်နိုင်ပါ သည်။Half Speed Cache မှာ CPU Speed ၏ ထက်ဝက် သာ အလုပ်လုပ်နိုင်သော Cache အမျိုးအစားဖြစ်ပါသည်။

++++++++++++++++++++++++++++++++++++++++++++++

CPU ထုတ်လုပ်ရာမှာ နာမည်ကြီးကုမ္ပဏီတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံမှာအသုံးများတဲ့ Intel ရဲ့ နည်းပညာ ကတော့ နှစ်မျိုးရှိပါသည်။ ၎င်းတို့မှာWrite Through Cache နဲ့Write Back Cache တို့ ဖြစ်ပါသည်။ Write Through Cache သည် ဈေးပေါသော်လည်း Performance အားနည်းခြင်းကြောင့် 486 ရှေ့ပိုင်း CPU များသာ အသုံးပြုပါသည်။ ယနေ့ခေတ်တွင်မူ Performance ပိုမို ကောင်းမွန်သော Write Back Cache ကိုသာ အသုံးပြု သည်ကို တွေ့ရပါသည်။

++++++++++++++++++++++++++++++++++++++++++++++

Intel ၏ CPU အမျိုးအစားများ

ယနေ့ခေတ်တွင် ကွန်ပျူတာဟုဆိုလျင် Pentium III, Pentium IV စသည်ဖြင့်သာလူသိများကြပါသည်။ တကယ်တမ်းတွင်မူ Processor ထုတ်လုပ်နိုင်သော အခြား ကုမ္ပဏီများ (IBM, Cyrix, AMD) ရှိသော်လည်း မြန်မာနိုင်ငံ တွင်မူ လူသုံးနည်းလှပေသည်။ ထို့ကြောင့် လူသုံးများ သော Intel ၏ CPU အမျိုးအစားများကို ဖော်ပြပါမည်။ (Intel ၏ CPU အမျိုးအစားသည် 8088 မှစတင်သော် လည်း ယနေ့ခေတ်နှင့် ကိုက်ညီမှု မရှိတော့သောကြောင့် လည်းကောင်း၊ ဈေးကွက်အတွင်း ရှာဖွေလေ့လာရန် မလွယ် ကူသောကြောင့်လည်းကောင်း မဖော်ပြတော့ပါ) Socket 5 Intel ၏ ဒုတိယမျိုးဆက် Processor အတွက် Socket 5 ကိုဖန်တီးခြင်းဖြစ်ပြီး အမြန်နှုန်းမှာ 75 MHzမှ 133 MHz အတွင်းရရှိနိုင်ပါသည်။ PGA (Pin Grid Array) အမျိုးအစားဖြစ်ပြီး Pin ပေါင်း (၃၂၀)ချောင်း ရှိပါသည်။ (Pin Grid Array ဆိုသည်မှာ CPU ၏အောက်ခြေတွင် Pin ချောင်းလေးများ ပါဝင်ခြင်းကို ဆိုလိုသည်)။FSB (Front Side Bus) အနေဖြင့် 50MHz, 60MHz, 66MHz စသည်ဖြင့် ရရှိနိုင်ပါသည်။ (Front Side Bus ဆိုသည်မှာ Mother Board နှင့် CPU တို့အပြန်အလှန်ဆက်သွယ်ကြသော အမြန်နှုန်းကို ဆိုလိုသည်။)

++++++++++++++++++++++++++++++++++++++++++++++

Socket 7

Socket 7 ၏အမြန်နှုန်းမှာ 75 MHz မှ 133 MHz အတွင်းရရှိနိုင်ပြီး Pin ပေါင်း (၃၂၁) ချောင်းပါဝင်သော PGA အမျိုး အစားဖြစ်ပါသည်။ FSB အနေဖြင့် 66 MHz နှင့် 83 MHz ရရှိနိုင်ပါသည်။

++++++++++++++++++++++++++++++++++++++++++++++

Socket 8

Intel ၏ Socket 8 မှစတင်ပြီး Pentium II ဟု စတင်သတ်မှတ်ခဲ့ပါသည်။ အမြန်နှုန်းမှာ 300MHz မှ 333 MHz အတွင်းရ ရှိနိုင်ပြီး Pin ပေါင်း (၃၈၇) ချောင်း ပါဝင် သော PGA အမျိုးအစားဖြစ်ပါသည်။FSB အနေဖြင့် 66 MHz နှင့် 75 MHz ရရှိနိုင်ပါသည်။

++++++++++++++++++++++++++++++++++++++++++++++

Slot 1

Intel သည် ပြောင်းလဲမှုတစ်ရပ်အနေဖြင့် 1997 ခုနှစ်မှ စတင်၍ ှSlot 1 ကိုဖန်တီးခဲ့ပါသည်။ Slot 1 ကို Pentium II တွင်သာမက Pentium III အထိပါ ထုတ်လုပ် ခဲ့သော်လည်း လူကြိုက်များခြင်း မရှိသောကြောင့် နောက် ပိုင်းတွင် Socket အနေဖြင့်သာ ပြန်လည် ထုတ်လုပ်လာ ကြပါသည်။ Slot 1 ကို Pentium II တွင် 233 MHz မှ 450 MHz အထိရရှိနိုင်ပြီး Pentium III တွင်မူ 450 MHz မှ 1113 MHz အထိရရှိနိုင်ပါသည်။ Pin ပေါင်း (၂၄၂)ခု ပါဝင်သော်လည်း Slot အမျိုးအစားဖြစ်သောကြောင့် Pin ချောင်းလေးများအနေ ဖြင့်တွေ့ရမည်မဟုတ်ပေ။ (ပုံတွင် လေ့လာကြည့်ပါ)။FSB အနေဖြင့် 66 MHz, 100 MHz, 133 MHz စသည်ဖြင့် ရရှိနိုင်ပါသည်။

++++++++++++++++++++++++++++++++++++++++++++++

Socket 370

Intel သည် Pentium III မှစတင်၍ Processor များ ထုတ်လုပ်ရာတွင် Pin အရေအတွက်အတိုင်း Socket အမည်ပေးကြသည်ကို လေ့လာတွေ့ရှိရပါသည်။ Socket 370 မှစတင်၍ Peintium III ဟုသတ်မှတ်ကြပြီး အမြန်နှုန်းအားဖြင့်500MHz မှ 1400 MHz အထိ ရရှိနိုင် ပါသည်။ PGA အမျိုးအစား Pin ပေါင်း (၃၄၀) ချောင်း ပါဝင်ပြီး FSB အနေဖြင့် Slot 1 ၏ အမြန်နှုန်းအတိုင်း ရရှိပါသည်

++++++++++++++++++++++++++++++++++++++++++++++

Socket 423

Socket 423 ၏အမြန်နှုန်းမှာ 1300 MHz မှ 2000 MHz အထိဖြစ်ပြီး Pin ပေါင်း (၄၂၃)ချောင်းပါဝင်သော PGA အမျိုး အစားဖြစ်ပါသည်။ Socket 423 မှစတင်၍ Pentium IV ဟုစတင်သတ်မှတ်ခဲ့ပြီး FSB အနေဖြင့် 400 MHz ရရှိသောကြောင့် Pentium III နှင့်ယှဉ်သော် အမြန်နှုန်း သုံးဆကျော် ကွာခြားသည်ကို လေ့လာတွေ့ ရှိရပါသည်။

++++++++++++++++++++++++++++++++++++++++++++++

Socket 478

Socket 478 ၏အမြန်နှုန်းမှာ 1400 MHz မှ 3400 MHz အထိ ဖြစ်ပြီး Pin ပေါင်း (၄၇၈)ချောင်းပါဝင်သော PGA အမျိုး အစားဖြစ်ပါသည်။ FSB အနေဖြင့် 400 MHz, 533 MHz, 800 MHz စသည်ဖြင့်ရရှိနိုင်ပါသည်။

++++++++++++++++++++++++++++++++++++++++++++++

Socket T (LGA 775)

Intel သည် ၂၀၀၄ခုနှစ်မှစတင်၍ Socket T ကို စတင်ဖန်တီးခဲ့ပြီး ၎င်း၏ထူးခြားချက်မှာ Pin လေးများ သည် Pin ချောင်းလေးများအဖြစ် Processor တွင် ပါဝင် မလာတော့ပဲ Mother Board ၏ Processor တပ်ဆင်ရာ နေရာတွင်သာ Pin ချောင်းလေးများ ထည့်သွင်းထား ခြင်းပင် ဖြစ်သည်။ ၎င်းနည်းပညာကို Land Gird Arry (LGA) ဟုခေါ်သည်။ ယခင်က Processor ကို ကိုင်တွယ် ရာတွင် သတိမပြုမိပါက Pin ချောင်းလေးများ ကောက် သွားပြီး ၎င်းကို Mother Board ပေါ်တွင် သတိမမူပဲ တပ်ဆင်မိပါက Pin ချောင်းလေးများ ကျိုးပြီး Processor ပျက်စီးနိုင်ပါသည်။ LGA 775 တွင်မူ Processor တွင် Pin ချောင်းလေးများ မပါဝင်သောကြောင့် ၎င်းအခက်အခဲကို ကျော်လွှားနိုင်ပြီ ဖြစ်သည်။ အမြန်နှုန်း အားဖြင့် 2660 MHz မှ 3800 MHz အထိရရှိနိုင်ပြီး FSB အနေဖြင့် 533 MHz, 800 MHz, 1066 MHz, 1333 MHz, 1600 MHz စသည်ဖြင့်ရရှိနိုင်ပါသည်။

No comments

Powered by Blogger.