IT လောကမှ ထူးထူးဆန်းဆန်း အချက်များ (၁)


၁။ ကမ္ဘာပထမဆုံးကွန်ပျူတာ ENIAC ဟာ ၂၇ တန်လေးပြီး 1800 sqft လောက်နေရာယူပါတယ်..

၂။ ကမ္ဘာပေါ်မှာရှိသမျှပိုက်ဆံအားလုံးရဲ့ ဆယ်ရာခိုင်နှုန်းလောက်သာ ငွေစက္ကူအနေနဲ့ ရှိပြီး ကျန်တဲ့ဟာတွေကတော့ ကွန်ပျူတာတွေထဲမှာ ကိန်းဂဏန်းတွေအဖြစ်ပဲရှိတာပါ

၃။ နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ HP, Microsoft, Apple တို့ကြားက ထူးထူးခြားခြား တူညီချက်တစ်ခုက ကုမ္ပဏီသုံးခုလုံး ကားဂိုဒေါင်ထဲကနေစခဲ့တာပါ။

၄။ Dough Engelbart ဟာ ၁၉၆၄ ခုနှစ်မှာ ကမ္ဘာ့ ပထမဆုံး Mouse ကိုတီထွင်ခဲ့ပြီး အဲ့ Mouse ဟာ သစ်သားနဲ့ လုပ်ထားတာပါ


၅။ ကွန်ပျူတာ ဗိုင်းရပ်(စ) အမျိုးပေါင်း ၅၀၀၀ ကျော်လောက် လတိုင်းအသစ်ထွက်ပါတယ်


၆။ ဝီကီပီးဒီးယားဆိုတဲ့ စွယ်စုံကျမ်းမှာ မမှန်မကန်အချက်အလက်တွေထည့်သွင်းဖို့ ကြိုးစားမှုတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကွန်ပျူတာ ပရိုဂရမ်တစ်ခု ထဲကပဲ ထောက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ထောက်လှမ်းမှု ၉၀ ရာခိုင်နှုန်းကျော်လောက်ကလည်း မှန်ပါတယ်..


၇။ အကယ်လို့ ကွန်ပျူတာတစ်လုံးဟာ လူဦး‌နှောက်လောက်သာစွမ်းဆောင်ရည်မြင့်မယ်ဆိုရင် တစ်စက္ကန့်အတွင်းမှာ ထရီလီယံ သုံးသောင်းရှစ်ထောင်လောက်ရှိတဲ့ တွက်ချက်မှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပြီး ၃၅၈၀ terabytes လောက်ရှိတဲ့အချက်အလက်တွေကို သိမ်းဆည်းထားနိုင်မှာပါ


၈။ အမေရိကန်ရဲ့ နူကလီးယား ထိပ်ဖူးတပ် ဒုံးကြည်တွေကို ထိန်းချုပ်ဖို့ စကားဝှက်အဖြစ် “00000000” ကို ရှစ်နှစ်လောက် အသုံးပြုခဲ့ပါတယ် (ပင်တဂွန်ကတော့ မဟုတ်ဘူးလို့ ငြင်းခဲ့ပေမဲ့ လူတွေကတော့ သိပ်မယုံကြပါဘူး)


၉။ ကွန်ပျူတာ ဗိုင်းရပ်(စ) ရေးသူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ဒုစရိုက်အဖွဲ့အစည်းတွေမှာ ကန်ထရိုက်နဲ့ အလုပ်လုပ်နေကြတာလို့ လည်းဆိုကြပါတယ်


၁၀။ TYPEWRITER ဆိုတဲ့စကားလုံးဟာ ကွန်ပျူတာ ကီးဘုတ်ပေါ်က တစ်တန်းထဲမှာ ရှိတဲ့ အက္ခရာတွေကိုအသုံးပြုပြီး ရေးနိုင်တဲ့ အရှည်ဆုံး စကားလုံးဖြစ်ပါတယ်


credit Original uploader

No comments

Powered by Blogger.