ကင်မရာဝယ်ရင် Dyanamic Range ကို ဘာကြောင့်အလေးထားသင့်တာလဲ။


Photograph ဆိုတဲ့စကားလုံးဟာ ဂရိစကားလုံး phos (အလင်း) နဲ့ graphe (ရုပ်ပုံ) ဆိုတဲ့ စကားနှစ်လုံးကနေ ဆင်းသက်ပါတယ်။ တိတိကျကျအဓိပ္ပါယ်ဖွင့်ဆိုထားတာကတော့ ''ဓာတ်ပုံတစ်ပုံဖန်တီးတယ်ဆိုတာ အလင်းနဲ့ ပန်းချီချယ်ခြင်းပါပဲ''။ သို့ပေမယ့်လည်း အလုပ်ဖြစ်မယ့်အလင်းပမာဏ ပေးပြီး အလင်းနဲ့ ပန်းချီချယ်ဖို့ဆိုတာဟာ အတော်လေးတော့ ခက်ပါတယ်။

တစ်ခါတစ်လေ ကျပြန်တော့ outdoor မှာ ဒါမှမဟုတ် မီးတွေထိန်ထိန်ထွန်းထားတဲ့ အားကစားခန်းမကြီးထဲရောက်နေသလို အလင်းတွေအများကြီးရနိုင်ပေမယ့် တချို့အချိန်တွေမှာကျ အလင်းနည်းလွန်းလို့ လိုတဲ့အလင်းကို flash လေးနဲ့ ပေးရတာမျိုး shutter ကို အချိန်အကြာကြီး ဖွင့်ထားရတာမျိုးလည်း ကြုံနိုင်ပါတယ်။


အလင်းတွေအရမ်းများနေတာ ဖြစ်ဖြစ် အရိပ်တွေအများကြီးကျနေတာဖြစ်ဖြစ် လိုချင်တဲ့ပုံကို ရိုက်ယူဖို့ လှည့်ကွက်လေးတွေ လိုပါလိမ့်မယ်။ မဟုတ်ရင်တော့ ဓာတ်ပုံရိုက်နေတာကို ရပ်ရမလိုပါပဲ။


ဒီအခြေအနေကနေ သင့်ကို ရေရေလည်လည် ကူညီပေးနိုင်မယ့် စကားရပ်တစ်ခုကတော့ dynamic range ပါတဲ့။ စကားရပ်ရဲ့ အဓိပ္ပါယ် နဲ့ ကိုယ့်ဓာတ်ပုံပညာအပေါ် သက်ရောက်နိုင်စွမ်းကိုသာသိပြီးရင် ဓာတ်ပုံတွေဖန်တီးဖို့ အကူအညီအများကြီးရမှာပါ။


ရိုက်ကွင်း ပြင်ဆင်ခြင်း


ဓာတ်ပုံပညာမှာ Dynamic range မှာ အသုံးချပုံ နှစ်မျိုးရှိပါတယ်။ ပထမ တစ်ခုက ရိုက်နေတဲ့ မြင်ကွင်းနဲ့ ပတ်သက်ပြီး နောက်တစ်ခုကတော့လက်တွေ့ကျပြီး ကင်မရာရဲ့ image sensor အရည်အသွေးကို သိဖို့လည်း အထောက်အကူရပါတယ်။


( image sensor ဆိုတာကတော့ digital camera တစ်ခုမှာ ပုံရိပ်ဖမ်းဖို့ လုပ်ထားတဲ့ လေးထောင့် မိုက်ခရိုချစ်ပ်လေးပါ။ စတုရန်းပုံ digital film လိုပါပဲ။)


ဓာတ်ပုံဆရာတစ်ယောက်ကတော့ exposure လုံးဝကောင်းတဲ့ ပုံတစ်ပုံရဖို့ပဲ ကြိုးစားလေ့ရှိပါတယ်။ ဆိုလိုတာက လင်းနေတဲ့နေရာတွေလည်း အရမ်းလင်းမသွား၊ မှောင်နေတဲ့နေရာတွေလည်း အရမ်းမှောင်မသွားတာမျိုးပါ။


ဒီသဘောတရားမှာတော့ dynamic range ဆိုတာ မြင်ရတဲ့ မြင်ကွင်းတစ်ခုလုံးက နေ ရိုက်ယူလိုက်တဲ့ အလင်းတွေကို ရည်ညွှန်းပါတယ်။ တကယ်လို့များ လုံးဝကိုလင်းကျင်းနေတဲ့ အစိတ်အပိုင်းတွေအများကြီး ပါတဲ့ ပုံတစ်ပုံထဲမှာပဲ အရိပ်တွေဖုံးနေတဲ့ အမှောင်ပိုင်းတွေလည်း အများကြီးပါနေတယ်ဆို dynamic range တွေ အရမ်းကို များတဲ့ပုံလို့ ပြောရမယ်။ (high contrast)


တကယ်လို့များ သိပ်လည်း မလင်းလွန်း၊ သိပ်လည်း မမှောင်လွန်းတဲ့ အလင်းပဲ ပေးထားတယ်ဆိုရင်တော့ dynamic range နည်းတယ်လို့ဆိုရမှာပါ။ (low contrast)


မှန်တယ် မှားတယ် မရှိ


ူဓာတ်ပုံရိုက်ဖို့ ထွက်ပြီဆိုတာနဲ့ ရိုက်ကွင်းမှာ အလင်းရတာဟာ ကောင်းကောင်းဆိုးဆိုး မီးစင်ကြည့်ကနိုင်ရပါမယ်။


နေရောင်ကလည်းပြင်းပြီး ဦးခေါင်းတည့်တည့်ကျနေတာကြောင့် နေ့ခင်းကြောင်တောင်ကြီးမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် အရိပ်တွေအများကြီးကျနေတဲ့ ပုံလင်းလင်းတွေနဲ့ အဆုံးသတ်ရမှာပါပဲ။


ဒါကို dynamic range မြင့်တဲ့ မြင်ကွင်းလို့ခေါ်ရပါမယ်။ ဘာလို့လဲဆိုတော့ သိပ်လင်း သိပ်မှောင်လွန်းတဲ့ အရာတွေပါနေလို့ပါ။ ကိုယ်လိုချင်တဲ့ ရိုက်ချက်ဖြစ်ဖို့ မြင်ကွင်းကိုရော ကင်မရာကိုပါ ဘယ်လိုချိန်ညှိရမယ်ဆိုတာ သိနေမှ ဖြစ်မှာပါ။


အမြင်ကို ဖမ်းခြင်း


ဓာတ်ပုံရိုက်တဲ့အခါ dynamic range ကို ထည့်စဉ်းစားဖို့ သိပ်အရေးကြီးပါတယ်။ လိုချင်တဲ့ ရိုက်ကွက်ကို ဖမ်းဖို့ အခြေအနေကို နားလည်ထားမှုတစ်ခုဟာ မရှိမဖြစ်ပါ။ အလင်းနဲ့ ပန်းချီဖန်တီးမယ်ဆို ထွက်လာမယ့်ပုံမှာ အလင်းရဲ့သက်ရောက်မှုကို နားလည်ဖို့လိုပါတယ်။


ဥပမာတစ်ခုပေးရရင်.. နေသာတဲ့နေ့လယ်တစ်ခုမှာ ကျနော်ရိုက်ထားတဲ့ portait ကိုကြည့်ပါ။ ကျနော်ရဲ့ subject ဟာ အလင်းကောင်းကောင်းရနေပေမယ့် အနောက်က background ကတော့ သာမာန်မဟုတ်ပဲ လင်းနေတာမျိုးပါ။ ဒါမျိုးကျနော်မကြိုက်။ ကြည့်သူရဲ့ စိတ်ဝင်စားမှုဟာ လူရဲ့ မျက်နှာမှာပဲ ဖြစ်ရပါမယ်။ အနောက်က background ကြီးက လင်းနေတော့ စိတ်ဝင်စားမှုကို လုယူနေသလိုပါပဲ။


Histogram မှ စာ###

ဒီပုံရဲ့ Histogram မှါ အမြင့်ဆုံးထိပ်ဟာ ပုံကြည့်တာနဲ့ ကျနော်ထင်ထားသလိုပါပဲ။ ပုံရဲ့ အချက်အလက်အတော်များများဟာ graph ရဲ့ ဘယ်နဲ့ ညာမှာ စုနေပါတယ်။ ဒါ ဘာကိုပြသလဲဆို မြင်ကွင်းထဲမှာ သိပ်လင်းတဲ့ အပိုင်းတွေကော သိပ်မှောင်တဲ့ အပိုင်းတွေကော ပါနေတယ် ဆိုတာပါပဲ။ ဒါ dynamic range များနေတာပါ။



တကယ်တော့လည်း ဒီပုံမျိုးဟာ မကောင်းဘူးတော့ မဟုတ်ပါဘူး။ တချို့ ဓာတ်ပုံသမားတွေကျ dynamic range အများကြီးရှိတဲ့ ရိုက်ကွက်မျိုးကို ကြိုက်ကြပါတယ်။ တခြားအခြေအနေမှာ မပါနိုင်တဲ့ (ပါလို့မရတဲ့) exposure တွေ တညီတပြင်ကြီးနဲ့ မှထိရောက်တဲ့ ပုံမျိုးကို ကြိုက်လို့ပါ။ ကျနော့်စိတ်နဲ့ ဆိုရင်တော့ ဒီပုံမျိုးတွေရဲ့ ပရိတ်သတ်မဟုတ်ပါဘူး။ ဒီလိုအခြေအနေမှာ direction လေးနည်းနည်းပြောင်း၊ အဆောက်အဦရဲ့ ဘေးတစ်ဘက်ကို သုံးပြီး ပိုပြီးညက်ညောတဲ့ exposure ကို ဖန်တီးဖို့ လွယ်ပါတယ်။


ကျနော် lightroom ထဲမှာ histogram ကိုပြန်ကြည့်တဲ့အခါ image data တွေဟာ အစွန်းနှစ်ဘက်မှာ ကပ်မနေတော့ပါဘူး။ ဝေစုတစ်ခုနဲ့ ပိုပြီးညီညာလာပါတယ်။ အခြားတစ်ဘက်မှာ ကင်မရာရဲ့ live view ကနေ တကယ်ရိုက်တုန်းက histograph တွေကို ကြည့်ပါ။ တောင်နှစ်လုံးကြားမှာ ချိုင့်ဝှမ်းတစ်ခုရှိနေပုံက contrast တွေများနေတာကိုပြပါတယ်။ ဒါပေမယ့်လည်း ခင်များကတော့ ကြိုက်ရင်ကြိုက်မှာပါ။



HDR – High Dynamic Range


နောက်ပိုင်းမှာဓာတ်ပုံဆရာတွေအသုံးများလာတာကတော့ HDR ဆိုတဲ့ high dynamic range processing ပါပဲ။ exposure အဆင့်ဆင့်ကို ပုံတစ်ခုတည်းမှာထည့်သွင်းပြီး ဆန့်ကျင်ဘက်နှစ်ခုထဲက လိုတဲ့ အစိတ်အပိုင်းတွေပဲ ထုတ်သုံးတာပါ။


ဒါ့ကြောင့် သိပ်လင်းလွန်းတာကော သိပ်မှောင်လွန်းတာကော ပါနေတဲ့ အနေအထားမှာ exposure နည်းလွန်းတဲ့ပုံတွေကော များလွန်းတဲ့ ပုံတွေကော ရိုက်ယူပါ။ ပြီးရင် ဖုန်းနဲ့ ဖြစ်ဖြစ် ကွန်ပြူတာနဲ့ ဖြစ်ဖြစ်softwere တွေသုံးပြီး ပေါင်းစပ်ကြည့်ပါ။ exposure ညီညာတဲ့ ပုံတစ်ပုံ ဖန်တီးကြည့်ပါ။ အဆိုးတစ်ခုကတော့ ထွက်လာတဲ့ ပုံဟာ လူသားတွေရဲ့အမြင်အတွက် တော့ ဖန်တီးထားတဲ့၊ အစစ်မဟုတ်တဲ့ ပုံဖြစ်နေတာပါ။ HDR နည်းပညာကို ကောင်းကောင်း မသုံးထားရင်ပေါ့။


ကယ်ဆယ်မယ့် နည်းပညာ


လူ့မျက်လုံးဟာ အံ့သြစရာ ဇီဝရုပ်ပါ။ ခေတ်ပေါ် digital camera တွေတောင် ကျနော်တို့ရဲ့ ကိုယ်ပိုင်အရုပ်မြင်ပစ္စည်းရဲ့ စွမ်းဆောင်နိုင်စွမ်းကို မီဖို့လိုပါသေးတယ်။ ယနေ့ခေတ်ရဲ့ digital camera sensor တွေဟာ လွန်ခဲ့ပြီးတဲ့ ငါးနှစ် ဆယ်နှစ်လောက်က သူတို့ရဲ့ မျိုးဆက်ဟောင်းတွေကို ခုန်ကျော်နေကြပါပြီ။ ဒါပေမယ့် dynamic range နဲ့ ဆိုင်လာပြီဆိုရင်တော့ ကျနော်တို့ မျက်လုံးတွေဟာ အဲ့ဒါတွေကို အပြတ်အသတ်နိုင်နေဆဲပါပဲ။


HDR နဲ့ ပြသနာ


ဥပမာ.. နေရောင်ကောင်းကောင်းရတဲ့အ ချိန် အရိပ်လည်း များများကျနေမယ့်အချိန်မှာ အခန်းတစ်ခုထဲရပ်နေလိုက်ပါ။ ဒါ HDR scene ပါပဲ။ ပြတင်းပေါက်အပြင်က သိပ်လင်းနေမယ် အတွင်းက သိပ်မှောင်နေမယ်။


မျက်လုံးကတော့ အခန်းထဲက အရာတွေရဲ့ အရောင်တွေပုံပန်းသဏ္ဍန်တွေကော ပြတင်းအပြင်ကအရာတွေကောကို မြင်ရပါတယ်။ ဓာတ်ပုံရိုက်ကြည့်လိုက်ရင်တော့ အပြင်ကလင်းပြီး အထဲကမှောင်နေတဲ့ပုံ၊ ဒါမှမဟုတ် အထဲအရာတွေတော့ မြင်ရပြီးအပြင်ကိုတော့ ဘာမှ မမြင်ရတဲ့ပုံရလာမှာပါ။


ကင်မရာအများစုကတော့ ဒီလိုပုံတွေပဲ ထွက်မှာပါ။ ဒါပေမယ့် HDR တက်ကနစ်ကိုတော့ exposure မတူတဲ့ ပုံရိပ်သုံးပုံ ဒါမှမဟုတ် ဒိ့ထက်ပိုတဲ့ ပုံတွေကို ဖမ်း၊ ပြီးတော့ ပေါင်းစပ်ပြီး exposure ညီညာတဲ့ ပုံတစ်ခု ထွက်လာအောင် အသုံးချလို့ရပါလိမ့်မယ်။


တိုးတက်လာတဲ့ နည်းပညာ


ဘယ်ကင်မရာထက်မဆို လူ့မျက်လုံးက ပိုသာပေမယ့် ဒီနှစ်ပိုင်းမှာ မြင်ကွင်းရဲ့ အလင်းဆုံးအမှောင်ဆုံးအပိုင်းတွေကို ဖမ်းတဲ့ sensor တွေဟာ ပိုပြီးကောင်းလာပါပြီ။ ဒီနေရာမှာတော့ dynamic range ဆိုတာ အလင်းအနေအထားကို ပြောတာ မဟုတ်တော့ပါဘူး။ ကင်မရာထဲက image sensor ရဲ့ အရည်အသွေးကို ဆိုလိုတာ ဖြစ်သွားပါပြီ။


High- end Nikon D810 ဒါမှမဟုတ် Canon 5 D Mark IV တို့ဟာ အဆင့်မြင့်လွန်းတာကြောင့် ပုံရဲ့ raw ဖိုင်တွေကို စနစ်တကျထားရှိနိုင်ပါတယ်။ ဒေတာတွေများ ပျောက်ဆုံးသွားရင် ထုတ်သုံးနိုင်အောင်ပါ။ ဥပမာ အလင်းများတဲ့ နေထွက်လာပုံကို ရိုက်တယ်ဆိုပါစို့။ ကောင်းကင်အရောင် စုံစုံနဲ့ ပုံသန့်သန့်လေးရမှာပါ။ side effect အနေနဲ့ အောက်ပိုင်းက လုံးဝမှောင်သွားပါတယ်။


Nikon 750 sensor ဖန်တီးလိုက်တဲ့ နည်းပညာကို ကျေးဇူးပါ။ တကယ်မြင်ရတဲ့အတိုင်း ပုံတွေဖမ်းနိုင်တဲ့ ကင်မရာပါ။ ISO 100, Raw တွေ ရိုက်ပါတယ်။ ဒီပုံထဲမှာ data တွေအများကြီးစုစည်းပြီး ကောင်းကွက်တွေအများြကိးရပါတယ်။ ဒီအရိပ်တွေထဲကနေပဲ အချက်အလက်တွေအများကြီး ကျနော် ပြန်ရပါတယ်။


ပုံတစ်ပုံကို post-processing လုပ်ဖို့ သာမာန်အားဖြင့်တော့ ကျနော် သဘောမတူလှပါဘူး။


နိဂုံး


ကင်မရာ ထုတ်လုပ်သူတွေဟာ ဘယ်သူက megapixels ပိုတဲ့ ကင်မရာ ထုတ်နိုင်တယ် ဆိုတဲ့ ယှဉ်ပြိုင်မှုထဲမှာ နှစ်ပေါင်းများစွာ ဝဲလည်ခဲ့ကြပါတယ်။


နောက်ပိုင်းမှာတော့ သူတို့ရဲ့ ဦးတည်ချက်ဟာ ISO performance ပိုကောင်းဖို့ image sensor ရဲ့ dynamic range တွေ တက်လာဖို့ ဖြစ်လာပါတယ်။ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် ကောင်းတဲ့ ဓာတ်ပုံတွေ ရိုက်နိုင်ဖို့ sensor တွေ ကောင်းလာမယ့် အချိန် သိပ်မလိုတော့ပါဘူး။


တကယ်တော့ ကျနော်တို့ဟာ အချိန်ကောင်းမှာ နေထိုင်ခွင့်ရသူတွေပါ။ ကျနော်တို့ရဲ့ ကင်မရာတွေဟာ ထူးခြားတဲ့ အလင်းဖြင့်ဆွဲသောပန်းချီကားတွေ ဖန်တီးနိုင်ပါပြီ။ ပြောရရင် စိတ်ကူးထဲက ပုံအားလုံးပေါ့။


Digital Photography school မှာ ဖော်ပြထားတဲ့ Simon Ringsmuth ရေးသားတဲ့

How to Understand Dynamic Range in Photography ကိုဘာသာပြန်ထားပါတယ်။


*** ကိုုညီသူတ (MPL) ရဲ့ ဘာသာပြန်စာမူဖြစ်ပါတယ်။

ကျွန်တော် ဟိုုးယခင်ကတည်းက notepad နဲ့မှတ်သိမ်းထားတာမိုု့

မူရင်းလင့်တော့ ရှာမတွေ့တော့လိုု့ပါ။

#TMP #Photography

No comments

Powered by Blogger.