Web Application ဆိုတာဘာလဲ။


Web Application ဆိုတာ web browser မှာrun တဲ့ client-server software application ကိုခေါ်တာပါ။ နည်းပညာနယ်ပယ်ထဲကသူတွေကတော့ ဒီတစ်ကြောင်းထဲနဲ့ နားလည်နိုင်ပေမယ့်၊ စာဖတ်သူက နည်းပညာ အခေါ်အဝေါ်တွေနဲ့ အစိမ်းသက်သက် ဆိုရင်တော့ web browser ဆိုတာဘာလဲ၊client ဆိုတာဘာကိုပြောတာလဲ၊ server ဆိုတာကရောဘာလဲ ဆိုတာတွေကိုပါ ဆက်လေ့လာရမှာပါ။

Web browser

Web browser ( Browser လို့ အခေါ်များတယ်။)

ကတော့web server ပေါ်က information resources တွေကို ရယူပြီး ပြပေးတဲ့ software application ဖြစ်ပါတယ်။ ၎င်း information resources တွေရဲ့တည်နေရာကိုသတ်မှတ်ပေးတာကတော့URL ( Uniform Resource Locater ) ဖြစ်ပါတယ်။ အလွယ်ခေါ်ရင်တော့ Address လို့လည်းခေါ်ပါတယ်။ ကျွန်တော်တို့က web browser ရဲ့ Address Bar မှာကိုယ်လိုချင်တဲ့information resources ရဲ့ URL ကိုရိုက်ထည့်လိုက်တာနဲ့ ၎င်း information resources တွေကိုweb browser ကလက်ခံပြီး ပြပေးမှာဖြစ်ပါတယ်။ ၎င်း web browser application တွေကWindow Platform ရော၊ Mac Platform ရော ၊ Linux Platform ရော၊ ပြီး Mobile Devices တွေဖြစ်တဲ့Android OS နဲ့ iOS တို့အတွက်ပါ ထုတ်ပေးထားတာတွေရှိပါတယ်။ နာမည်ကြီး web browser တွေကတော့Mozilla Firefox, Google Chrome, Internet Explorer, Opera တို့ဖြစ်ပါတယ်။

Client နဲ့ Server

Client နဲ့ Server ကိုမရှင်းပြသေးခင် Network အကြောင်းကို အကျဉ်းချုပ် ရှင်းပြပေးပါမယ်။ ကွန်ပျူတာ တစ်လုံး ထဲရှိရင်တော့ Network မလိုသေးပါဘူး။ ကွန်ပျူတာ ၂ လုံး သို့မဟုတ် ၂လုံးထက်ပိုသော ကွန်ပျူတာတွေကို ထိုင်ရာကနေမထဘဲ Data အပြန်အလှန်ပေးပို့ချင်ပြီဆိုရင်တော့Network စတင်လိုအပ်လာပါပြီ။ ရုံးတစ်ရုံး (သို့မဟုတ်) ဆိုင်တစ်ဆိုင် အတွင်းမှာရှိတဲ့ ကွန်ပျူတာတွေကို Network ချိတ်ဆက်ထားတာကိုLocal Area Network (LAN) လို့ခေါ်ပြီး ၎င်းNetwork က Wireless နည်းပညာကိုအသုံးပြုထားတယ်ဆိုရင်တော့ Wireless Local Area Network (WLAN) လို့ခေါ်ပါတယ်။ တစ်ကမ္ဘာလုံးကNetwork အချင်းချင်း ချိတ်ဆက်ထားတဲ့Network ကြီးကိုတော့ Internet (အင်တာနက်) လို့ခေါ်ပါတယ်။ ဒါဆိုရင်တော့Network ကို အကြမ်းဖျင်းသိသွားလောက်ပါပြီ။ Client နဲ့ Server သဘောတရားကိုဆက်ပြီးရှင်းပြပေးပါမယ်။ Client နဲ့ Server ကို Network နဲ့ပိုင်းခြားထားပါတယ်။ စာဖတ်သူရဲ့ Device ( Device = ကွန်ပျူတာ or Mobile Phone ) က အချက်အလက်တွေကို Network မှတဆင့် ရယူနေတယ်ဆိုရင် ၎င်းကိုClient Device လို့ခေါ်ပြီး၊ အချက်အလက်တွေကို သိမ်းဆည်းထားမယ်ဆိုရင် Server လို့ခေါ်ပါတယ်။ Server ရဲ့အဓိကအလုပ်ကClient Device ရဲ့ request ( တောင်းခံမှု) ကို လက်ခံမယ် ၊ပြီးတော့ တွက်ချက်မယ်၊ နောက်ဆုံးresponse ( တုံ့ပြန်) ပေးရမှာဖြစ်ပါတယ်။ ဒီလို တွက်ချက်တဲ့အခါမှာ လိုအပ်ရင် Database နဲ့ပါချိတ်ဆက်ပြီးတွက်ချက်ပါတယ်။ ဥပမာတစ်ခုနဲ့ရှင်းပြပါမယ်။ facebook ဥပမာပါ။ ကျွန်တော်တို့ facebook အသုံးပြုတဲ့အခါ web browser သို့မဟုတ် facebook app ကိုသုံးရပါတယ်။ ၎င်း web browser သို့မဟုတ်facebook app ကို Client app လို့ပြောလို့ရပါတယ်။ ပထမဆုံး Client app ရဲ့Login စာမျက်နှာမှာ user ရဲ့email နဲ့ password ကိုရိုက်ထည့်ပေးရပါတယ်။ Client app က ရိုက်ထည့်လိုက်တဲ့ email နဲ့ password ကိုယူပြီး facebook server ကိုလှမ်းပြီးrequest လုပ်ပါတယ်။ ဒီနေရာမှာ facebook server ကိုrequest လှမ်းလုပ်နိုင်ဖို့ Network လိုပါတယ်။ အဲ့ဒါကတော့ Internet ပါ။ အိုကေ Internet လည်းချိတ်ဆက်ထားပြီးပြီဆိုရင်တော့ facebook server က Client Device ရဲ့request ကိုလက်ခံရရှိမှာဖြစ်ပါတယ်။ ရလာတဲ့ request မှာပါတဲ့ email နဲ့ password ကိုယူပြီး အချက်အလက်မှန်မမှန် Database နဲ့တိုက်ပြီးစစ်ဆေးပါတယ်။ အချက်အလက်မှားနေတယ်ဆိုရင် မှားနေကြောင်း Client ကိုresponse ပြန်လုပ်ပါတယ်။ တကယ်လို့Client က ထည့်ပေးလိုက်တဲ့ အချက်အလက်မှန်ပြီဆိုရင် ၎င်း user နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကိုClient ဆီသို့ response လုပ်ပြီးပြန်ချပေးပါတယ်။ Client app ကတော့ facebook server ကိုရလာတဲ့ အချက်အလက်တွေကို လက်ခံပြီးuser ကို ပြပေးပါတယ်။ ဒီ ဥပမာလေးကို ကြည့်ချင်းအားဖြင့် Client နဲ့ Server သဘောတရားကို အကြမ်းဖျင်းနားလည်းလောက်ပါပြီ။ ဒါဆိုရင်တော့ web application အကြောင်းဆက်ပြီးရှင်းပြပေးပါမယ်။

Web Application တစ်ခုရဲ့ အစိတ်အပိုင်းများ

Web application ကတော့ အပေါ်ဆုံးမှာပြောခဲ့သလို့ပဲ web browser ကနေ အသုံးပြုနိုင်တဲ့ client-server software application ဖြစ်ပါတယ်။ web application တစ်ခုမှာClient side ရယ်၊ Server Side ရယ် ဆိုပြီး ၂ပိုင်းရှိပါတယ်။ Client side ကတော့ web browser ကိုအသုံးပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့် တချို့ web application တွေကClient side အတွက် web browser ကိုသုံးစရာမလိုအောင် သီးသန့် Client app ထုတ်ပေးထားတာရှိပါတယ်။ ဥပမာ Gmail, Facebook , Youtube တို့ကိုကြည့်ပါ။ ၎င်းတို့ကို web browser ကနေ သုံးလို့ရသလို သီးသန့်Client app တွေလည်းရှိပါတယ်။ web application တွေရဲ့ အဓိကအားသာချက်ကတော့ develop once run anywhere ပါပဲ။ Browser ကိုအသုံးပြုပြီး ဘယ်platform ကမဆို web application ကို သုံးနိုင်ခြင်းကိုပြောတာဖြစ်ပါတယ်။ ဒါဆိုရင် Client side ဘက်မှာClient Machine ဖြစ်တဲ့ Computer ရယ်၊ Web Browser (သို့မဟုတ်) Client app ရယ်ရှိကြောင်းသိသွားပြီ။ Server side ဘက်ကိုတချက်လေ့လာကြည့်ရအောင်။ Web application ကိုယ်တိုင်က Server Computer ထဲမှာသိမ်းထားပါတယ်။ Server Computer မှာ Web Server Software ကို တင်ထားရပါတယ်။ Computer ဆိုတာ Hardware ပါ။ Web Server Software ကမှClient side က request တွေကို လက်ခံမယ်၊ တွက်ချက်မယ်၊ တုန့်ပြန်မှု ( response ) တွေပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Web Server Software တွေများစွာရှိပေမယ့် Apache Software Foundation ကထုတ်တဲ့ Apache HTTP Server ကတော့နာမည်ကြီးပါတယ်။ သူ့ကိုတော့ Developer တွေကApache လို့ပဲအလွယ်ခေါ်ပါတယ်။ Web application တွေက Data တွေကို Database ထဲမှာသိမ်းဖို့လည်းလိုပါတယ်။ ဒီတော့ Database တွေကို စနစ်ကျစေဖို့အတွက် Database Management System (DBMS) တစ်ခုခုကို Web Server နဲ့တွဲအလုပ်လုပ်စေပါတယ်။Java Web Development အတွက် အဓိကအသုံးများတဲ့ DBMS ၂ ခုက MySQL နဲ့ Oracle ပါ။ Web application တွေရဲ့ လုပ်ဆောင်ချက်ပိုမိုကောင်းမွန်စေရန်အတွက်Web Server နဲ့ Database Server ကိုသီးခြားစီ ခွဲထားလေ့ရှိပါတယ်။

ဒီ post မှာတော့ web application အကြောင်းအခြေခံသဘောသဘာဝကိုရှင်းပြတာဖြစ်ပြီး နောက်မှ web application တစ်ခုကိုdevelop လုပ်ရာမှာ ဘယ် programming language တွေသုံးသလဲဆိုတာကိုpost တစ်ခုရေးတင်ပေးပါ့မယ်။


Credit to original.

 Easy Computer Basicလွယ်ကူလေ့လာ-အခြေခံကွန်ပျူတာ page ကိုလည်း Like and Following See First လုပ်ထားဖို့ မမေ့ပါနဲ့နော်😊😉

 #ကွန်ပျူတာအကြောင်းလေ့လာနေသူများအတွက်

 လာရောက်လေ့လာကြပါလို့ အကြံပြုပါရစေ။

No comments

Powered by Blogger.