ကွန်ပျူတာ Password ပြောင်းလို့မရအောင်ပြုလုပ်နည်း👨💻
သုံးတဲ့ ကွန်ပျူတာတွေအနေဖြင့် User တိုင်း သူတို့ password
တွေကို စိတ်ကြိုက်ပြောင်း လျှောက်ကလိလို့မရအောင် ပိတ်ထားလို့
ရပါတယ်။ တစ်ခါတစ်လေ Admin က သူတို့အကောင့်နဲ့ဝင်ပြီး
တစ်ခုခု လုပ်စရာရှိရင် password က ပြောင်းထားလို့ဝင်လို့
မရဖြစ်နေတတ်ပါတယ်။User account password တွေ ပြောင်းလို့
မရအောင် လုပ်တဲ့နည်း သုံးနည်းရှိပါတယ်။ ပထမ တစ်နည်းက
လွယ်ပါတယ်။ User တစ်ယောက်က အခုပထမနည်းကို သိထားမယ်
ဆိုရင် Admin က password ပြောင်းလို့မရအောင် ပိတ်ထားသော်
ငြားလည်း အဲ့ဒီ user ကိုယ်တိုင် ဝင်ပြင်လို့ရပါတယ်။ ဒီပထမနည်းက
အသုံးများပြီး ကွန်ပျူတာ setting ကိုနည်းနည်းပါးပါးလေး
ထိမိခေါက်မိသူတို့တိုင်း ဝင်ပြင်လို့ရနေပါတယ်။
ကွန်ပျူတာကို Administrator အကောင့်နဲ့ဝင်လိုက်ပါ။
Windows Key နဲ့R တွဲနှိပ်၊ Run box မှာ compmgmt.msc
ရိုက်ထည့်ပြီး computer management ကိုသွား၊ ဒီ computer
management ကို Windows Key နဲ့R တွဲမနှိပ်ပဲ တစ်ခြား
နေရာကနေ ကိုယ်သိထားသလို၊ ကြိုက်သလို သွားလို့ရတယ်နော်။
computer management ထဲ ရောက်သွားရင် Local Users and
Groups ကို Click နှစ်ချက်နှိပ်၊ ဘေးညာဘက် အခြမ်းမှာ Name
အောက်က Users ကို Click နှစ်ချက်နှိပ်ဝင်၊ အဲ့မှာ မိမိကွန်ပျူတာမှာ
သုံးနေတဲ့ ရှိသမျှ users account တွေကို တွေ့ရမယ်။
Password မပြောင်းစေချင်တဲ့ account ကို click ထောက်ရွေးပြီး
Right click နှိပ်၊ Properties ထဲဝင်၊ User cannot change
password နဲ့ Password never expires ကို အမှန်ခြစ်လေး
ခြစ်ပေး၊ ပြီးရင် Apply, Ok စက်ကို Restart ချပြီး ပြန်ဖွင့်ကြည့်ရင်
ခုနက ရွေးခဲ့တဲ့ အကောင့်က password change လို့မရတော့ပါဘူး။
User ကို Password ပြန်ပြောင်းစေချင်ရင် ခုနက အတိုင်းပဲ ဝင်ပြီး
user cannot change password ကို အမှန်ခြစ် ဖြုတ်ပြီး Apply,
Ok လုပ်လိုက်ရင် password ပြန်ပြောင်းလို့ရသွားပါပြီ။ ဒုတိယ
နည်းကတော့ Registry Editor ထဲ သွားပြင်ရမှာပါ။ ဒီနည်းကတော့
registry အပိုင်းဖြစ်လို့တစ်ခုခု မှားနှိပ်မိတာနဲ့ကွန်ပျူတာတစ်ခုလုံး
ပျက်သွားနိုင်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို သိပ်မပိုင်သေးဘူး
ထင်ရင် ဝင်မပြင်ကြည့်တာ အကောင်းဆုံးပါ။
ပထမနည်းက လွယ်လို့ဒုတိယနည်းနဲ့ပဲလုပ်ချင်တယ် ဆိုရင်တော့
Registry ထဲသွားဖို့ Run box ထဲမှာ regedit ရိုက်ထည့်ပါ။
Regedit ထဲရောက်သွားပြီ ဆိုရင် အောက်က path လမ်းအတိုင်း
click နှစ်ချက်စီနှိပ်ပြီး သေချာ ဝင်သွားနော်။
HKEY\CURRENTUSER\SOFWARE\Microsoft\Windows\CurrentVersion\Policies\System
အထိရောက်အောင်သွား၊ Policies အောက်မှာ System မရှိရင်
အသစ်ဆောက်ပေးရပါမယ်။ Policies ကို click ထောက်ပြီး
right click နှိပ်၊ New – Key မှာ System ပေး၊ပြီးသွားရင်
System ရဲ့ညာဘက်ခြမ်းက လွတ်နေတဲ့နေရာမှာ Right click နှိပ်၊
New ကို click ထောက်ထားပြီး DWORD (32 bit) value ကိုရွေးပြီး
Value name ကို DisableChangePassword လို့ပေးလိုက်ပါ။
အဲ့ဒီ DisableChangePassword ကို Click ထောက် Right click နှိပ်၊
Modify ကိုနှိပ်၊ value data ကို 1 လို့ပေးပြီး Ok ပေး၊ Tab တွေပိတ်၊
စက် restart ချပြီး ပြန်ဖွင့်ကြည့်ပါ။
တတိယနည်းကတော့ Group Policy ထဲ သွားပြီး ပြင်ဆင်ရပါမယ်။
Run box မှာ gpedit.msc ရိုက်ထည့်၊
User Configuration\Administrative Templates\System\Ctrl+Alt+Del Options\Remove Change Password ထဲဝင်၊
Enabled ကို အမှန်ခြစ်ပေးပြီး Apply, Ok နှိပ်၊ စက်ကို Restart ချ
ပြန်ဖွင့်ကြည့်ပါ။ User တွေ password ပြောင်းလိုု့ရတော့မှာ မဟုတ်ပါဘူး။
NetComplus
Leave a Comment