LOGO ကောင်းတစ်ခုဖြစ်ဖို့ဆိုရင်


 LOGO ကောင်းတစ်ခု ဟာ အချက် (၇) ချက်နဲ့ ပြည့်စုံဖို့လိုအပ်ပါတယ်ဆိုတဲ့ အခြေခံ Principle သဘောတရားတွေနဲ့ Theory သဘောတရားတွေကို လေ့လာမိသလောက် ဖော်ပြပေးလိုက်ပါတယ်။ Golden Ratio လိုမျိုး Logo တွေကို Guideline တွေနဲ့ အခြေခံပြီး တည်ဆောက်ရတဲ့ Theory တွေလည်း ရှိပေမယ့် ဒီအချက် (၇) ချက်က လုံးဝပြေးမလွတ်ပါဘူး...

အဲ့ဒီအချက်လေးတွေကတော့....


1) Timeless - အချိန်ကာလကန့်သတ်ချက်မရှိခြင်း

2) Gimmick Free - အပိုဖန်တီးချက်များ ကင်းခြင်း

ဒီမှာ ဆိုလိုတာက Special FX လို့ခေါ်တဲ့ Bevel Emboss, Lens Flares, Drop Shadow စတာတွေကို မလိုအပ်ရင် အသုံးမချဖို့ပဲ ဖြစ်ပါတယ်။ အဲဒါမျိုးတွေပြုလုပ်ခြင်းဟာ 'Putting a Lipstick on a Pig' ဝက်ကို နှုတ်ခမ်းနီဆိုးသလိုမျိုးပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

3) Adaptability - အလိုက်သင့်ပြောင်းလဲ အသုံးချနိုင်ခြင်း

ဒါက Be Functional ဆိုတဲ့အချက်နဲ့အတူတူပါပဲ။ Logo တစ်ခုကို နေရာများစွာမှာ အဆင်ပြေစွာ အသုံးချနိုင်ရမှာ ဖြစ်ပါတယ်။

4) Scalability - ချုံ့ ချဲ့နိုင်ခြင်း

(5) Uniqueness - ထူးခြားထင်ရှားခြင်း

6) Color is Secondary - အရောင်ကို ဒုတိယဦးစားပေးအဖြစ် စဉ်းစားခြင်း

7) Appropriate Aspect Ratio & Footprint - သင့်လျော်သောအရွယ်နှင့် အချိုးအစားရှိခြင်း

Logo ကောင်းတစ်ခုဟာ သင့်လျော်သောပမာဏ အချိုးအစားရှိရပါမယ်။ mm (millimeter) , inches အစရှိသဖြင့်ပေါ့ဗျာ...ဒါလေးတွေက ကျတော်တို့ ခင်ဗျားတို့ အားလုံး Designer တိုင်း သိထားသင့်တဲ့ Principle တွေနဲ့ Theory တွေပါပဲဗျ....

အခုလောက်ဆိုရင်... Logo ကောင်းတစ်ခုဖြစ်ဖို့ ဘယ်လိုအချက်တွေနဲ့ဖန်တီးရမယ်ဆိုတာ စဉ်းစားမိမယ်လို့ ထင်ပါတယ်။ Technique ဆိုတဲ့ နည်းပညာတွေရဲ့နောက်မှာ သိမ်မွေ့အနုပညာဆန်တဲ့လျို့ဝှက်ချက်တွေ ဖန်တီးချက်တွေရှိနေတယ် ဆိုတာကို မေ့မထားသင့်ပါဘူး။ ကျန်ခဲ့တဲ့ အကြောင်းအရာတွေရှိရင်လည်း ဖြည့်စွက်ပြီး အကြံပြုလို့ ရသလို မသိသေးတဲ့သူများလည်း ပိုသိသွားစေဖို့ ရည်ရွယ်ပြီး မျှဝေခြင်းပါဗျ...

အားလုံးအစစအရာရာ အဆင်ပြေပြီး တစ်နေ့တစ်ခြား ပိုပြီး တိုးတက်ကြပါစေလို့ဆုတောင်းပေးပါတယ်....


Thanks for all

We are Union

No comments

Powered by Blogger.