Memory Storage ဝယ်တဲ့ အခါ ဘာကြောင့် ဝယ်ယူတဲ့ Storage ပမာဏထက် လျော့နည်းနေရတာလဲ


**********************************************************************

ကျွန်တော်တို့ အသုံးလိုလို့ Memory Stick, Hard Drive, External Drive စသဖြင့် တစ်ခုခု သွားဝယ်တဲ့အခါမှာ ကပ်ထားတဲ့ တံဆိပ်မှာကတော့ 8 GB … ကွန်ပျူတာမှာသုံးကြည့်တော့ 7.45 GB … ဟော ပြဿနာပဲ။ ကိုယ် ဝယ်တာ 8GB ပါ။ ဘာကြောင့် 7.45 GB ကြီးပေးလိုက်တာလဲ။ ကိုယ့်ကိုများ လိမ်ရောင်းလိုက်တာလား။ အဲ့ဒီလို

အတွေးမျိုးတွေ တော်တော်များများ တွေးဖူးကြမှာပါ။ တကယ်တမ်းကျတော့ ဆိုင်က လိမ်ရောင်းတာ မဟုတ်ပါဘူး။ ဘာကြောင့် ကွန်ပျူတာမှာသုံးတဲ့အခါ သတ်မှတ်ထားတဲ့ Storage ထက် ဘာကြောင့် နည်းနေသလဲဆိုတာ ဆွေးနွေးသွားပါမယ်။ ဒီအကြောင်းလေး မပြောခင်မှာ Computer မှာ Storage တွက်ချက်နည်းအခြေခံကို အရင်ဆုံး ပြောပြချင်ပါတယ်။ ဒါမှ ကျွန်တော် အဓိကအကြောင်းအရာကို ပြောတဲ့အခါ စာဖတ်သူတွေ မျက်စိမလည်အောင်လို့ပါ။

ကျွန်တော်တို့ Keyboard ကနေ “A” ဆိုတဲ့ စာလုံးတစ်လုံး စရိုက်ပြီဆိုပါတော့။ ကွန်ပျူတာကြီးက “A” ကို “A” လို့ မသိပါဘူး။ ကွန်ပျူတာ သိတာက Electronic Code (on/off signals) လို့ခေါ်တဲ့ Binary code 1 (သို့) 0 ကို ပဲသိပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာထဲကို “A” ဆိုတဲ့ Input တစ်ခုသွင်းလိုက်ရင် 01000001 ဆိုတဲ့ Code 8 လုံးပါ အတွဲတစ်တွဲက Memory ထဲမှာ ဝင်ရောက်နေရာယူ သွားပါတယ်။


A - 01000001 

B - 01000010 

C - 01000011 

D - 01000100 

E - 01000101 

F - 01000110 

G - 01000111 

H - 01001000 

I - 01001001 

J - 01001010 

K - 01001011 

L - 01001100 

M - 01001101 

N - 01001110 

O - 01001111 

P - 01010000 

Q - 01010001 

R - 01010010 

S - 01010011 

T - 01010100 

U - 01010101 

V - 01010110 

W - 01010111 

X - 01011000 

Y - 01011001 

Z - 01011010


ထို Code 8 လုံးပါအတွဲတစ်တွဲကို 8 bit (သို့) 1 byte လို့ခေါ်ပါတယ်။ ဒီလိုနဲ့ bytes လေးတွေများလာတဲ့အခါ 1024 bytes ကိုရောက်သွားရင် 1 KB(Kilobytes) လို့သတ်မှတ်ပါတယ်။ 1024 KB ကို 1 MB(Megabytes) လို့သတ်မှတ်ပါတယ်။ 1024 MB ကို 1 GB(Gigabytes) လို့သတ်မှတ်ပါတယ်။ 1024 GB ကို 1 TB(Terabytes) လို့သတ်မှတ်ပါတယ်။


8 bit – 1 byte

1024 bytes – 1 KB

1024 KB – 1 MB

1024 MB – 1 GB

1024 GB – 1 TB


ဒီလောက်ဆိုရင် အဓိကအကြောင်းအရာကိုဆက်သွားလို့ရပါပြီ။ Storage Device တွေ ကွန်ပျူတာမှာ သုံးတဲ့အခါဘာကြောင့်သတ်မှတ်ထားတဲ့ Storage ထက်လျော့နည်းနေရသလဲဆိုရင် ပစ္စည်းထုတ်လုပ်တဲ့စက်ရုံက Value တွက်ချက်ပုံနဲ့

ကွန်ပျူတာက Value တွက်ချက်ပုံနဲ့ မတူလို့ပါ။ စက်ရုံက 1 MB(Megabytes) = 1000 KB(Kilobytes) ဆိုပြီးတွက်ချက်ပါတယ်။ စက်ရုံကတွက်ချက်ပုံကလည်း မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ base 10 စနစ်အရ Kilo = 1000, Mega = 1000000 ဆိုတာ မှန်ကန်လို့ပါ။ Micorsoft ကသတ်မှတ်တဲ့ base 2 စနစ်အရဆိုရင်

1 MB = 1024 KB, 1 GB = 1024 MB, 1 TB = 1024 GB ဆိုပြီး 24 Value ပိုသွားပါတယ်။ မြင်သာထင်သာရှိအောင် ဥပမာတစ်ခုအနေနဲ့ Hard Drive 500 GB တစ်လုံးကို ကွန်ပျူတာမှာ တပ်ဆင်သုံးမယ်ဆိုရင် Missing Space ဘယ်လောက်ရှိမယ် ဆိုတာ တွက်ကြည့်ရအောင်။


********************************

စက်ရုံမှတွက်ချက်မှု


500 GB Hard Drive (500 x 1000 x 1000 x 1000 = 500000000000 bytes)


********************************

ကွန်ပျူတာမှတွက်ချက်မှု


500 GB Hard Drive (500 x 1024 x 1024 x 1024 = 536870912000 bytes)


********************************

တွက်ချက်မှုနှစ်ခု ခြားနားချက်


536870912000 bytes - 500000000000 bytes = 36870912000 bytes (34.34 GB)


********************************

စာဖတ်သူတို့တွေ့ရတဲ့တိုင်းပါပဲ Missing Space 34.34 GB တောင်ရှိပါတယ်။ ဒါကြောင့် 500 GB ပမာဏရှိတဲ့ Hard Drive တစ်လုံးကို ကွန်ပျူတာမှာ တပ်ဆင်သုံးမယ်ဆိုရင် 465.66 GB ရှိကြောင်းသာမြင်တွေ့ရပါမယ်။


Credit : Ko Steve

Thank... Naylin Htet

No comments

Powered by Blogger.