CPU နဲ့ Generation Series နောက်က အက္ခရာလေးတွေက ဘာကိုပြောတာလဲ ?


 CPU ကို စစ်ကြည့်လိုက်ရင် CPU Series ရဲ့နောက်မှာ B,U, M, .... စတဲ့ စကားလုံးလေးတွေပါတာကို 

သတိထားမိကြမှာပါ ။ 

ဥပမာ - Processor စစ်နည်းကို အလွယ်ပြောရရင် Monitor ပေါ်က Computer icon လေးကို right click နှိပ်လိုက်ပါ ၊ ကျလာတဲ့စာတန်းလေးထဲက Properties ကိုနှိပ်လိုက်ရင်လက်ရှိကိုယ်အသုံးပြုနေ တဲ့ Computer Name ,Processor , Generation, Ram , ....Computer နဲ့ပတ်သတ်တာတွေကျလာပါလိမ့်မယ် ။ အဲ့ဒီအထဲမှာမှ Processor : Intel Core i3 - 3217U CPU တွေ့တယ်ပဲဆိုကြပါစို့ အဲ့ဒီမှာ `U´ဆိုတဲ့အက္ခရာလေးက ဒီအတိုင်းပဲ CPU Series မှာပါတဲ့အက္ခရာပဲပေါ့ ထွေထွေထူးထူးမရှိဘူးလို့ Admin ကိုယ်တိုင်ထင်ခဲ့ဖူးပါတယ် ၊ နောက်ပိုင်းအဲ့ဒီအက္ခရာလေးတွေဟာဘာကိုကိုယ်စားပြုပြီးထည့်ထားတယ်ဆိုတာကိုလေ့လာတွေ့ရှိခဲ့ပါတယ် ။

အခု ဒီ post ကလေးကနေ အဲ့ဒီအက္ခရာလေးတွေ တခုချင်းစီရဲ့ Performance ကို အောက်မှာဖော်ပြပေးထားပါတယ် ။

1) B , U

B,U က Low Performance ဖြစ်ပြီး သူ့ရဲ့အားသာချက်က Battery ကြာကြာခံပါတယ်။Computer ကို Heat တက်တာလဲ သက်သာပါတယ် ။ဒါပေမယ့် ပုံမှန်အသုံးပြုနေကြတဲ့ Microsoft Software , Photoshop, Mini Game တွေလောက်ကတော့

အေးအေးဆးဆေးအသုံးပြုလို့ရပါတယ် ။ 


2) M 

M ကတော့ B, U ထက်စာရင် CPU Performance ကောင်းပါတယ် ။ ဒါပေမယ့်တခြားသူ့ထက်

Gen မြင့်ပြီး ဈေးများတဲ့စက်နဲ့ယှဉ်ရင်တော့ သူက

နိမ့်သွားမှာပါ ဆိုလိုချင်တာက CPU တူ Gen တူဆိုရင် သူ့ရဲ့ Performance ကပိုပါတယ် ။ သူ့ရဲ့ အားနည်းချက်က အပူချိန်မြင့်ပြီး Battery စားပါတယ် ။


3) H, HQ , K

H, HQ , K က high performance ဖြစ်တဲ့အတွက် ဒီ series ကို လူကြိုက်များပါတယ် ။ H, HQ , K 

ကိုတော့ ဈေးမြင့်တဲ့ Computer , Gamming Laptop တွေမှာပဲ တွေရတာများပါတယ် ။ သူ့ရဲ့အားနည်းချက်က M series လိုပဲ အပူချိန်မြင့်ပြီး Battery စားပါတယ် ၊ ဒါပေမယ့် ဈေးကြီးကြီးပေးထားရတာနဲ့တန်အောင် သုံးစွဲသူတွေ Safe ဖြစ်စေမယ့် Cooling စနစ်ကောင်းကောင်းနဲ့ သူ့ရဲ့ weak ဖြစ်တဲ့အပိုင်းကို ပြန်ပြီး Cover လုပ်ပေးထားပါတယ် ။ မျက်မြင်ကြည့်လို့ရအောင် အောက်မှာ ပုံလေးပြပေးထားပါတယ်ရှင့် ။


အခုလိုအဆုံးအထိဖတ်လာပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင် ။


အကယ်၍ ဒီစာလေးဟာ မိတ်ဆွေအတွက် ဗဟုသုတရတယ်ဆိုရင် တခြားသူတွေဖတ်ရှုနိုင်ရန်အတွက် share ပေးပါရှင် ။ အခုလို ဗဟုသုတရစေတဲ့ post လေးတွေကို အခါအားလျော်စွာ တင်ပေးသွားမှာဖြစ်တဲ့အတွက် Page လေးကို Like လုပ်ထားဖို့လဲမမေ့ပါနဲ့နော် ။ 


Special thank ........Original uploader


No comments

Powered by Blogger.