internet error code များအကြောင်း

404 Bad Request

Internet မှာ လိုချင်တဲ့ webpage တစ်ခုကိုရှာဖွေတဲ့အခါမှာ server ဟာရှာမတွေ့တာ၊

ဒါမှမဟုတ် အသုံးပြုခွင့်မပြုတာကြောင့် ဖြစ်ရတဲ့ အမှားတစ်ခုဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် စကားလုံးရိုက်တဲ့အခါမှာ စာလုံးအကြီး၊ အသေး (e.g. www.YahOo.com) ဆိုသလိုမှားရိုက်မိတာကြောင့်လည်း တွေ့ရတတ်တဲ့အမှားမျိုးလည်း ဖြစ်နိုင်ပါတယ်။

404 – Not Found

လိုချင်တဲ့စာမျက်နှာဟာ တစ်ခါတစ်လေမှာ ဖယ်ရှားခံထားရတတာမျိုး ဖြစ်နိုင်ပါတယ်။


တချို့ website တွေဟာ သတင်းတစ်ပုဒ်ကို ခဏတာဖော်ပြပေးပြီး ချက်ချင်း ဖယ်ရှားပစ်လိုက်တာမျိုးကြောင့်ဖြစ်နိုင်သလို Password ဒါမှမဟုတ် တားဆီးပိတ်ပင်ခံရတဲ့ လိပ်စာဖြစ်တာကြောင့်လည်း မတွေ့ရတဲ့ အခါမှာဖြစ်ပေါ်တတ်သော Error အမှားဖြစ်ပါတယ်။


403 – For Hidden


အဓိကအားဖြင့် Password လိုအပ်တာကြောင့် ဖြစ်တတ်ပြီး တစ်ခါတစ်လေမှာ အဲဒီ website ဟာ Black list မှာပါဝင်နေတဲ့ အတွက်ကြောင့်လည်း ISP ကခွင့်မပြုတာမျိုးဆိုရင်လဲ “403-For Hidden” ဆိုပြီး အဖြူ၊ အမည်း အရောင်တွေနဲ့ webpage ရဲ့ဘယ်ဘက်ထောင့်မှာတွေ့ရပါလိမ့်မည်။


401 – Unauthorized


တစ်ခါတစ်လေမှာ Webpage ရဲ့ရှုပ်ထွေးလှတဲ့ လိပ်စာတွေကို အတိအကျ မှတ်မိပေမဲ့ page တစ်ချို့ကိုတော့ ခွင့်မပြုဘဲရှိတတ်ပါတယ်။ (e.g. www.abc.com) ကိုတော့ကြည့်ခွင့်ပေးပေမယ့် နောက်ဆက်တွဲ www.abc.com/member _login.php ဆိုတာမျိုးကိုတော့ ကြည့်ခွင့်ရရှိဖို့ လုံလောက်တဲ့ password and username ရှိရပါမယ်။


503 Service Unavailable


Unavailable ဆိုတာဟာ ခံနိုင်ရည်ထက် ကျော်လွန်ပြီး ခိုင်းစေတာမျိုးဖြစ်ပါတယ်။ (e.g. www.yahoo.com website ကို Spam တွေနဲ့ပိတ်ဆို့နေခဲ့တဲ့အချိန်မှာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ တခြား yahoo သုံးစွဲသူတွေဟာ yahoo ကိုဝိုင်းဝန်း access လုပ်ကြတဲ့အတွက် server ဟာရုတ်တရက်မှာ အလုပ်များပြီး down သွားခဲ့ရပါတယ်။ အဲဒီလို အဖြစ်အပျက်မျိုးကို Google လည်းတစ်ခါတစ်လေမှာဖြစ်တတ်လေ့ရှိပါတယ်။


Proxy server is refusing 

ကိုယ့်ရဲ့ ကွန်ပြူတာကို internet ချိတ်ဆက်ပေးတဲ့ modem နဲ့သွယ်တန်းထားတဲ့ server ကွန်ပြူတာဆိုတာရှိပါတယ်။ (Home User တွေ အတွက်ကတော့ ကိုယ်ကိုယ့်တိုင်ရဲ့ PC ဟာ server ဖြစ်နိုင်ပါတယ်။) အဲဒီ server ကွန်ပြူတာကနေ ပြန်လည်ပြီး network ခွဲဝေပေးတဲ့အခါမှာ serverမှာ ip address ထည့်သွင်းတာမှားယွင်းနေခဲ့ရင် “Proxy server is refusing” ဆိုပြီး ပေါ်နေတတ်ပါတယ်။ (e.g. proxy IP ဟာ “cache_dsl.bagan.net.mm” ဒါမှမဟုတ် အဲဒီလိုမျိုး ခပ်ဆင်ဆင် လိပ်စာကြောင့်လည်းဖြစ်ပါလိမ့်မည်


မိုးထက်မြင့်

No comments

Powered by Blogger.