ဖြေရှင်းခဲ့သော Excel လေးများ မှတ်စု

 

Excel မှာ Column က A / B / C မပြပဲ 1 / 2 / 3 ပြနေပါက

- Excel ထဲ ဝင်ပါ။ File >>> Options >>> Formulas >>> Working with formulas ရဲ့ အောက်က R1C1 reference style ကို အမှန်ခြစ် ဖြုတ်ပါ။ OK ကို နှိပ်ပါ။

***********************************

Excel မှာ Fomula Bar ပျောက်နေပါက

Excel ထဲ ဝင်ပါ။ File >>> Options >>> Advanced >>> Display အောက်က Show formula bar ကို အမှန်ခြစ်ပါ။ OK ကို နှိပ်ပါ။

***********************************

Excel မှာ Sheet တွေ မပေါ်ပါက

- Excel ထဲ ဝင်ပါ။ File >>> Options >>> Advanced >>> Display options for this workbook အောက်က Show Sheet tabs ကို အမှန်ခြစ်ပါ။ OK ကို နှိပ်ပါ။


***********************************


Excel ရိုက်ထားတဲ့ စာတွေ ဖွင့်တဲ့ အခါ There was a problem while sending the command to the program. ပြနေပါက


- Excel ထဲဝင်ပါ။ File >>> Options >>> Advanced >>> General အောက်က Ignore other applications that use Dynamic Data Exchange (DDE) ကို အမှန်ခြစ် ဖြုတ်ပါ။ OK ကို နှိပ်ပါ။


***********************************


Excel မှာ Row / Column ပျောက်နေပါက


- Excel ထဲ ဝင်ပါ။ File >>> Options >>> Advanced >>> Display options for this worksheet အောက်က Show row and Column header ကို အမှန်ခြစ်ပါ။ OK ကို နှိပ်ပါ။


***********************************


Excel မှာ Nwe ရိုက်ရင် New ဖြစ်သွားပါက


- Excel ထဲ ဝင်ပါ။ File >>> Options >>> Proofing >>> AutoCorrect Options အောက်က AutoCorrect Options ကို နှိပ်ပါ။ AutoCorrect Box လေးကျပါက AutoCorrect ထဲက Replace text as you type ကို အမှန်ခြစ်ဖြုတ်ပါ။ OK >>> OK ကို နှိပ်ပါ။


***********************************


Excel မှာ ၁/၂ ရေးတာ၊ ၅-၇-၂၀၁၈ ရေးတာ ရေးတဲ့အတိုင်း - တို့ / တို့ မပြပဲ ၀၂-Jan တို့ ၅/၇/၂၀၁၈ တို့ ပြပါက


- Excel ထဲ ဝင်ပါ။ Home ထဲက Number Group ထဲက General ကို Text ပြောင်း ရေးပါ။


***********************************


Excel မှာ 0 စရိုက်တဲ့အခါ တန်ဖိုးမပြပါက 0 မပေါ်က 


- Excel ထဲ ဝင်ပါ။ File >>> Options >>> Advanced >>> Display options for this worksheet အောက်က Show a zero in cells that have zero value ကို အမှန်ခြစ်ပါ။ OK ကို နှိပ်ပါ။


***********************************


Excel နဲ့ ရိုက်တာကို pdf save တဲ့အခါ Sheet 1 ပဲ Sheet တစ်ခုချင်းပဲ Save ရတယ်။ Sheet အကုန် pdf တစ်ခုထဲပဲ Save ချင်ပါက


- Excel ထဲ ဝင်ပါ။ Sheet တွေအပေါ် Ctrl ဖိပြီး Mouse ဖြင့် Click ပါ။ အကုန် Select ပေးပြီးပါက pdf တစ်ခုထဲဖြင့် Sheet အကုန် Save နိုင်ပါပြီ။


***********************************


Excel နဲ့ ပတ်သက်ပြီး ဖြေရှင်းခဲ့သော Error လေးတွေ မှတ်ထားတာ ပြန်ဝေမျှလိုက်တာပါ။ Formula နဲ့ ပတ်သက်ပြီး + - × ÷ က လွှဲ ကျန်တာ မသိပါ။


အဆင်ပြေပါစေ

ကျောက်ဆည်သားလေး

#Computer #Basic #Excel

No comments

Powered by Blogger.