DDR3 Vs DDR4

ဖုန်းတွေ ကွန်ပျူတာတွေဝယ်တော့မယ်ဆို RAM ဘယ်လောက်ပါလဲမေးတတ်ကြပါတယ်နော်။ RAM များများပါတဲ့ Device တွေက Multifunction သုံးဖို့ ပိုပြီး မြန်ဆန်သွက်လက်လို့ပဲဖြစ်ပါတယ်။ အင်တာနက် browser tab တွေကို အများကြီးတန်းစီဖွင့်သုံးတာမျိုး၊ တစ်ပြိုင်နက်တည်း software ၂ခု သုံးခု ပြိုင်Run ချင်တယ်ဆိုရင်တော့ Random Access Memory လို့ခေါ်တဲ့
RAM ရဲ့ အခန်းဏ္ဍက တော်တော်အရေးပါပါတယ်။ 2GB, 4Gb စတဲ့ capacity တွေကို အားလုံးသတိထားမိပေမယ့် DDR3, DDR4 စတဲ့ အသုံးပြုတဲ့နည်းပညာ ကွဲပြားသွားတာကိုလည်း သိထားဖို့လိုပါတယ်နော်။
(Double Data Rate) DDR3 ကတော့ RAM ဈေးကွက်ကို ဆယ်စုနှစ်တစ်စုကျော်ကြာအောင် လွှမ်းမိုးထားခဲ့နိုင်ပါတယ်။ DDR3 ကို 2007 မှာ စတင်ထုတ်လုပ်ရောင်းချခဲ့ပြီး Intel ရဲ့ 6thနဲ့7th gen တွေမှာသာအဓိကထား သုံးခဲ့ပါတယ်။ မကြာခင်နှစ်အတွင်းမှာပဲ DDR4 market ထဲဝင်လာတဲ့အခါ older RAM Generation တွေထက် ထူးခြားပြီး သာလွန်တဲ့ quality တွေပါဝင်လာတော့ demand လဲများလာပါတယ်။
ဒါကြောင့် လူကြီးမင်းတို့ 8th gen or later ဒါမှမဟုတ် AMD Ryzen processor CPU တွေရှာရင်တော့ DDR4 လိုအပ်မှာအသေအချာပါပဲ.
ဒါဆိုရင် DDR4 က DDR3 ထက်ဘာတွေ ပို အားသာလာလဲ ဆက်ရှင်းပြပေးပါ့မယ်….
DDR4 ဟာ DDR3 ထက် ဗို့အားနည်းနည်းနဲ့ အလုပ်လုပ် ပြီး 1.5 volts ကနေ 1.2 နဲ့ run ပါတယ်။ DDR3 နဲ့ DDR4 ကြားမှာ နောက်ထပ်ကွာခြားချက်တစ်ခုက speed ပါ။ DDR3 ရဲ့ specifications က 800 MT/s (or Millions of Transfers per second) နဲ့ စ ပြီး 2133 အထိပဲမြင့်ပေမဲ့ DDR4 ကတော့ 2133 MHz ထက်ပိုမြင့်ပါတယ်။
နောက်ထပ် ထင်ရှားတဲ့ differences တွေကတော့...
1. Chip Densities –>DDR3 ရဲ့ chip densities 512Mb – 8Gb အတွင်းရှိတဲ့အချိန်မှာ DDR4 က 4Gb ကနေ 16 Gb အထိ လာပါတယ်။ ဒါကြောင့် DDR4 မှာ DIMM Capacities ပိုကြီးပါတယ်။
2. Rates –> DDR4 ဟာ data rate 1600 Mb/s to 3200 Mb/s လောက် run နိုင်ပြီး DDR3 က 4 ရဲ့ Mb/s ထက်ဝက်လောက်ပဲ operate လုပ်နိုင်လို့ DDR4 က input ရော output speed ပါ ပိုသွက်တဲ့ အားသာချက်တစ်ခုပါပဲ။
3. Voltage –> 1.2 volts နဲ့ run လို့ power demand memory ကို လျှော့ချပေးတဲ့ အားသာချက်ကို DDR4 မှာတွေ့နိုင်ပါတယ်။
4. Voltage Standard –> DDR3 အထူးသဖြင့် (DDR3L)ရဲ့ အနိမ့်ဆုံး voltage standard က 1.35 V ရှိနေပြီး DDR4 က 1.05 V ဖြစ်တော့ memory power ကို reduce လုပ်တဲ့အခါ ပို effective ဖြစ်ပါတယ်။😊
# မူရင်းဆရာများအားလေးစားလျက်😊

No comments

Powered by Blogger.